မှန်လုံယာဉ်နှစ်စီးပေါ်မှ အမဲသားခြောက်များနဲ့ တမလန်းသစ်၊ ပိတောက်သစ်များအား သိမ်းဆည်းရမိ
ကုန်သွယ်ရေးဦးစီးဌာန၊ မူဆယ်စခန်းထုတ်နုတ်အင်အားမှ ဦးစီးအရာရှိ ဦးစီးတဲ့ Mobile Team အဖွဲ့သည် ဧပြီလ ၃ ရက်နေ့တွင် ကုန်သွယ်ရေးဇုန်အလွန် အေးရှားဝေါလ်တိုးဂိတ်အနီး ပြည်ထောင်စု လမ်းမကြီးပေါ်တွင် တရားမဝင် တင်ဆောင်လာတဲ့ မှန်လုံယာဉ်အမှတ် 8H/ xxxx ပေါ်မှ အမဲသားခြောက် ၁၅ အိတ်နဲ့ သစ်မာဖြတ်စအရွယ်ဆိုဒ်စုံ ဝ ဒသမ ၅ တန်ကိုသိမ်းဆည်းရမိခဲ့ပါတယ်။ ဧပြီလ ၉ ရက်နေ့တွင်လည်း အဆိုပါနေရာမှာပင် ရတနာထွန်း မှန်လုံယာဉ် အမှတ် ၈ည ^xxxx ပေါ်မှ တမလန်း ဓါးရွေ (၂၂) ချောင်း၊ တမလန်းတိုင် (၁) လုံး၊ ပိတောက်ခွဲသား ၅၈၇ ချောင်းတို့ကို ထပ်မံသိမ်းဆည်းရမိခဲ့ပါတယ်။ ယာဉ် (၂) စီးပေါ်မှ သိမ်းဆည်းရမိ အမဲသားခြောက်များနဲ့ တမလန်းသစ် ပိတောက်သစ်များရဲ့ ခန့်မှန်းတန်ဖိုးမှာ ကျပ်သန်းပေါင်း ၆ ဒသမ ၆၃၀ ဖြစ်ပြီး အဖွဲ့စုံဖြင့် မူဆယ် မြို့နယ်အကောက်ခွန်ဦးစီးဌာနသို့ လွှဲပြောင်းအပ်နှံပြီး အမှုတွဲဖွင့်လှစ်ထားပြီးဖြစ်တယ်လို့ သတင်းရရှိပါတယ်။
MIRT