မှန်လုံယာဉ်ပေါ်မှ အခန်းအလှဆင်ဆည်းလည်းများ၊ အလှတင်အရုပ်များကိုစစ်ဆေးတွေ့ရှိ

 

          မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန် စခန်းထုတ်နုတ်အင်အား Mobile Team အဖွဲ့သည် ဧပြီလ ၁၉ ရက်နေ့တွင် မူဆယ်အေးရှားဝေါလ်တိုးဂိတ် ပြည်ထောင်စုလမ်းမကြီးပေါ်၌ တရားမဝင်တင်ဆောင်လာတဲ့ မှန်လုံယာဉ်အမှတ် 8H/ xxxx ပေါ်မှ အခန်းအလှဆင်ဆည်းလည်း (ကြီး) (သေး)၊ အပ်ချည်လုံး၊  အလှတင် အရုပ် / ကလေးဆော့ဘောလုံး၊ LED ဆိုင်းဘုတ်များအား စစ်ဆေးတွေ့ရှိသိမ်းဆည်းခဲ့ပါတယ်။ သိမ်းဆည်းရမိ အကောက်ခွန်မဲ့ပစ္စည်းများရဲ့ခန့်မှန်းတန်ဖိုးမှာ ကျပ်ရှစ်သိန်းကျော်ခန့်ဖြစ်ပြီး အကောက်ခွန်အမှုတွဲဖွင့်လှစ် နိုင်ခဲ့ပါတယ်။

 

                                                MIRT