တရုတ်အကြိုက် မြန်မာ့သရက်

 

          ရှမ်းပြည်နယ်ရပ်စောက်မြို့မှာ စိန်တစ်လုံးသရက်သီးအများဆုံးထွက်ရှိတဲ့ဒေသဖြစ်သလို ရေ၊ မြေ၊ ရာသီဥတုအနေအထားအရ မန္တလေးတိုင်းမှစိန်တစ်လုံးသရက်သီးများကို မူဆယ်(၁၀၅)မိုင်မှတစ်ဆင့် တရုတ်နိုင်ငံသို့တင်ပို့ရောင်းချပါတယ်။ယခင်နှစ်ကာလများထက် စိန်တစ်လုံးသရက် အထွက်နှုန်း ပိုများလာတာကြောင့် မန္တလေးနဲ့ရန်ကုန်မြို့များသာမက ဈေးကွက်ကြီးမားတဲ့ တရုတ်ပြည်ဈေးကွက်သို့ အဓိကထားတင်ပို့ရတဲ့အနေအထားကို ရောက်ရှိလာပါတယ်။ ၂၀၁၅ ခုနှစ် ဧပြီလ ၂၀ ရက်နေ့ထိ တင်ပို့ခဲ့တဲ့ သရက်သီးတန်ချိန် ၇၀၅ တန်ခွဲရှိပြီး ကန်ဒေါ်လာ သုည ဒသမ ၂၄၀ သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ် ဧပြီလမှာတော့ ၃၄၄၇ တန်ထိ တင်ပို့နိုင်ခဲ့တယ်လို့သိရပါတယ်။

 

                                            မော်မော်အောင် MIRT