မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံအတွက်အလွန်တန်ဖိုးရှိသော အိမ်နီးချင်းနိုင်ငံဖြစ်

 

       အိန္ဒိယနိုင်ငံအရှေ့မြောက် နယ်မြေများဖြစ်တဲ့ မဏိပူရပြည်နယ်၊ နာဂလင်း၊ မီဇိုရမ်၊ အာဂူနာပရာဒေရှ့် တို့သည် မြန်မာနိုင်ငံ နယ်စပ်နယ်နိမိတ်နဲ့ ထိစပ်နေသော ပြည်နယ်များဖြစ်သောကြောင့် အိန္ဒိယနဲ့ အရှေ့တောင်အာရှနိုင်ငံများ ကုန်သွယ်ရာမှာ အလွန်အရေးပါကြောင်း၊ ゞင်းတို့အနက် မဏိပူရ ပြည်နယ်ဟာ အရှေ့တောင်အာရှနိုင်ငံများနဲ့ ကုန်သွယ်ရာမှာ အရေးပါသောကြောင့် အိန္ဒိယ-မြန်မာ နယ်စပ်ဖွံ့ဖြိုးရေးမြို့ကို နိုင်ငံတကာအဆင့်မီ မြို့တစ်မြို့တည်ဆောက်သွား မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံအတွက် အလွန် တန်ဖိုးရှိသော အိမ်နီးချင်းနိုင်ငံဖြစ်ကြောင်း ဧပြီလ ၁ ရက်နေ့ထုတ် Sangai Express မှာ ဖော်ပြထားပါတယ်။

          မဏိပူရပြည်နယ်မှာ စားသောက်ကုန်ထုတ်လုပ်မှု လုံလောက်မှုမရှိတဲ့အတွက် အိမ်နီးချင်း မြန်မာနယ်စပ် မှ အိန္ဒိယနိုင်ငံ ပြည်နယ်များ အတွက်တင်သွင်းနေရကြောင်း၊ ပြည်နယ်အစိုးရအနေနဲ့ စားသောက်ကုန်ထုတ်လုပ်မှုနဲ့ ပတ်သက်၍ ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ စားသောက်ကုန်ထုတ်လုပ်မှု အားကောင်းလာပါက ပြည်နယ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အထောက် အကူပြုစေမယ်လို့ ဧပြီလ ၃ ရက်နေ့ထုတ် The Sangai Express သတင်းစာမှာ ဖော်ပြထားပါတယ်။

                                                                    (ခင်စန်းရီ၊ တမူး)