ဓါတ်မြေဩဇာ တင်ပို့/တင်သွင်းခြင်းနှင့် ပတ်သက်၍စိုက်ပျိုးရေးဦးစီးဌာန ထောက်ခံချက်ပါရှိရန်လိုအပ်

 

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေနဲ့ ဓါတ်မြေဩဇာတင်သွင်းခွင့် လိုင်စင် လျှောက်ထားခြင်းများ အား လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန ၏ ထောက်ခံစာ အရ သွင်းကုန်လိုင်စင်ခွင့်ပြုပေးလျက် ရှိပါတယ်။   လယ်ယာစိုက်ပျိုးရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန၊စက်မှုသီးနှံဖွံ့ဖြိုးရေးဦးစီးဌာနရဲ့ ထောက်ခံချက်နှင့် ဓါတ်မြေဩဇာ တင်သွင်းခွင့်လိုင်စင် လျှောက်ထားမှု ရှိလာသဖြင့် စိုက်ပျိုးရေးဦးစီးဌာန သို့ သဘောထားမှတ်ချက် တောင်းခံခဲ့ရာ မတ်လ ၁၈ ရက် ရက်စွဲပါစာ နှင့် တရားဝင် ပန်ကြားလာခဲ့ပါတယ်။ ပြန်ကြားစာတွင် “ မြေဩဇာဥပဒေပုဒ်မ ၄၄ အရ မြေဩဇာကို ပြည်တွင်းသို့ တင်သွင်းရန်ဖြစ်စေ၊ ပြည်ပသို့ တင်ပို့ရန် ဖြစ်စေပါမစ် သို့မဟုတ် လိုင်စင် ထုတ်ပေးရန် လျှောက်ထားလာပါက ပါမစ် သို့မဟုတ် လိုင်စင်ထုတ်ပိုင်ခွင့်ရှိသော အစိုးရဌာန အဖွဲ့အစည်းသည် စိုက်ပျိုးရေးဦးစီးဌာန၏ ထောက်ခံချက်ကို လျှောက်လွှာနှင့်အတူ ပူးတွဲတင်ပြနိုင်သူကိုသာ ပါမစ် သို့မဟုတ် လိုင်စင်ထုတ်ပေးနိုင်သည် ” ဟုဖော်ပြထားသဖြင့် “ စိုက်ပျိုးဦးစီးဌာန ၏ ထောက်ခံချက်ပါရှိမှသာ ထုတ်ပေးရန်” သဘောထား မှတ်ချက် ပြန်လည်ရရှိပြီး ဖြစ်၍ စိုက်ပျိုးရေးဦးစီးဌာန၏ ထောက်ခံချက်ဖြင့်သာ ဓါတ်မြေဩဇာ တင်ပို့/တင်သွင်းခြင်းကို လျှောက်ထားရန်ကုန်သည်လုပ်ငန်းရှင်များအား ထပ်မံ အသိပေးလိုက်ရပါတယ်။

                                                                                        ပန်