၂၀၁၅-၁၆ ဘဏ္ဍာနှစ်မှစတင်၍ အထူးစီးပွားရေးဇုန် စီမံကိန်းကိစ္စရပ် များတွင် IELPS (bot-trade) စနစ်ဖြင့် သီးခြားလိုင်စင် Code သတ်မှတ်၍ လိုင်စင်ထုတ်ပေးမည့် လုပ်ငန်းဆောင်ရွက်မည် ဖြစ်ကြောင်း အသိပေးကြေငြာခြင်း

 

အထူးစီးပွားရေးဇုန်စီမံကိန်းကိစ္စရပ်များ(သီလဝါ/ထားဝယ်/ကျောက်ဖြူ)တွင် လာရောက် ရင်းနှီးမြှုပ်နှံသော ပြည်တွင်း/ ပြည်ပလုပ်ငန်းရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန အနေဖြင့် ဆောင်ရွက်ပေးရန် လိုအပ်သော လိုင်စင် / ပါမစ်များကို (One Stop Services) ဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ အဆိုပါ အထူးစီးပွားရေး ဇုန်ကိစ္စရပ်များအား သီးခြား လိုင်စင် / ပါမစ် Code သတ်မှတ်ပြီး IELPS (bot-trade) စနစ်ဖြင့် လိုင်စင် လျှောက်ထား / ထုတ်ပေးခြင်းအား ၂၀၁၅ ခုနှစ် ဧပြီလ (၁) ရက်နေ့မှ စတင်၍ သီလဝါအထူစီးပွားရေးဇုန် လိုင်စင် code အား “TLW SEZ IL 15-16 0001 01/04/2015” Code အဖြစ်လည်းကောင်း၊ ကျောက်ဖြူအထူးစီးပွားရေးဇုန် လိုင်စင် code အား “KPU SEZ IL 15-16 0001 01/04/2015” Code အဖြစ် လည်းကောင်း၊ ထားဝယ်အထူးစီးပွားရေးဇုန် လိုင်စင် code အား “DWI SEZ IL 15-16 0001 01/04/2015” Code အဖြစ်လည်းကောင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါသည်။

 

DCCA