၂၀၁၅-၁၆ ဘဏ္ဍာနှစ်မှစတင်၍ MIC (OSS) ရုံးတွင် နယ်စပ်ကုန်သွယ်ရေးများမှတဆင့် တင်သွင်းသည့် ပို့ကုန်/သွင်းကုန် လိုင်စင်များ IELPS (bot-trade) စနစ်ဖြင့် သီးခြား လိုင်စင် Code သတ်မှတ်၍ လိုင်စင်ထုတ်ပေးမည် လုပ်ငန်းဆောင်ရွက်မည်ဖြစ်ကြောင်း အသိပေးကြေငြာခြင်း

 

     မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် မှ ရင်းနှီးမြှုပ်နှံမှုများအတွက် တစ်နေရာတည်းတွင် လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရန်ကုန်မြို့တွင် One Stop Services အဖွဲ့ဖြင့် ဆောင်ရွက်လျက်ရှိရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှတွဲဖက်တာဝန်ပေးအပ်ထားသော ရင်းနှီးမြှုပ်နှံမှုဌာနဆိုင်ရာပူး ပေါင်းလုပ်ငန်းအဖွဲ့မှ လက်ရှိ၌ MIC ပင်လယ်ရေကြောင်း တင်ပို့/တင်သွင်းမှုများအတွက် ပို့ကုန်၊ သွင်းကုန် လိုင်စင်ထုတ်ပေးလျက်ရှိပါသည်။ အလားတူ နယ်စပ်စခန်းများမှ တင်ပို့/တင်သွင်းသော MIC လိုင်စင်များကိုလည်း နယ်စပ် MIC လိုင်စင်အတွက်  Code အား ပို့ကုန်အတွက် M MICY EL 1 15-16 0001 01/04/2015 အနေဖြင့်လည်းကောင်း၊ သွင်းကုန်အတွက် M MICY IL 1 15-16 0001 01/04/2015 အနေဖြင့်လည်းကောင်း သတ်မှတ်၍ ၂၀၁၅ ခုနှစ် ဧပြီလ(၁) ရက်နေ့မှ စတင်ပြီး အဆိုပါ MIC (OSS) ရုံးတွင် လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေငြာ အပ်ပါသည်။

 

DCCA