ရှောင်ကွင်းလမ်းမှ သွားလာနေသော မော်တော်ယာဉ်များ တရားဝင် ကုန်သွယ်မှု ဆောင်ရွက်လာသဖြင့် မြဝတီနယ်စပ်ကုန်သွယ်မှုပိုမို

 

    မတ်လအတွင်း တံတားကျိုး စစ်ဆေးရေးဂိတ်မှ ကုန်တင်ယာဉ်များအား လိုင်စင်၊ ဂျူတီများ ပါရှိမှုရှိ။မရှိ စိစစ်ဆောင်ရွက်လျက်ရှိရာ ယခင်ရှောင်ကွင်းလမ်းမှ သွားလာနေသော မော်တော်ယာဉ်များ တရားဝင် ကုန်သွယ်မှုဆောင်ရွက် လာ၍ ပို့ကုန်သွင်းကုန် ကားများဇုန် အတွင်း ဝင်ရောက်မှုပိုမိုခဲ့သဖြင့် မြဝတီနယ်စပ် ကုန်သွယ်မှုမှာ အနီးစပ်ဆုံး ကာလထက်ရော ယခင်နှစ်ကာလတူ ထက်ပါ ကုန်သွယ်မှု ပမာဏများ ပိုမိုဆောင်ရွက် နိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

      မတ်လအတွင်းမှာ မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းဟာ ပို့ကုန် ကန်ဒေါ်လာ ၃ ဒသမ ၅၉၅ သန်း၊ သွင်းကုန် ကန်ဒေါ်လာ ၄၂ ဒသမ ၉၃၅ သန်း၊ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၄၆ ဒသမ ၅၃၀ သန်း ဆောင်ရွက်နိုင်ခဲ့ပါတယ်။မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းဟာ သွင်းကုန်အဓိက ထားတင်သွင်းသော စခန်းတစ်ခုဖြစ်ပါတယ်။လျာထားချက်အပေါ်မှာ ပို့ကုန်အနေနဲ့ ပြည့်မီခြင်းမရှိသော်လည်း သွင်းကုန် ၁၅၅ ရာခိုင်နှုန်း ကျော်ဆောင်ရွက်နိုင်ပြီး ကုန်သွယ်မှုပမာဏ ၁၃၃ ရာခိုင်နှုန်းပိုမိုဆောင်ရွက်နိုင်ခဲ့ပါတယ်။

       ပို့ကုန်ပိုင်းမှာ ကြက်သွန်နီ ၊မြေပဲဆံ၊ ငရုတ်သီးခြောက်၊ပြောင်းဖူးစေ့၊ငါးမျိုးစုံ တင်ပို့မှုပိုမိုခဲ့သလို သွင်းကုန်ပိုင်းမှာ မော်တော်ဆိုင်ကယ်၊ ကားနဲ့ကားအပိုပစ္စည်းများ၊ ဓါတ်ဆီ၊အလှကုန်မျိုးစုံ၊ အချိုရည်မျိုးစုံ တင်သွင်းမှု ပိုမိုခဲ့တယ်လို့သိရပါတယ်။

     မြဝတီနယ်စပ် ကုန်သွယ်ရေးစခန်းရဲ့ ဖေဖော်ဝါရီလ အမှန်တင်ပို့တဲ့ အများဆုံးပို့ကုန်များမှာ မြေပဲဆံ၊ ပြောင်းဖူးစေ့၊ ကြက်သွန်နီ၊ငါးမျိုးစုံ၊ မတ်ပဲ၊ ပုစွန်၊ ချုပ်ပြီးအထည်၊ကဏန်း၊ကြံ၊ ပဲလွန်းဖြူ၊နနွင်းတက်၊သီဟိုစေ့၊ ချင်းခြောက်၊ငါးရှဉ့်၊ နွယ်ချို၊ ဆီးဖြူသီးခြောက်တို့ဖြစ်ပြီး အမှန်တင်သွင်းတဲ့ အများဆုံးသွင်းကုန်များမှာ မော်တော်ဆိုင်ကယ်၊ ယာဉ်ယန္တရားမျိုးစုံ၊ Mix LPG ၊ဘိလပ်မြေ၊ ဓါတ်ဆီ၊ အလှကုန်မျိုးစုံ၊ Hand set မျိုးစုံ၊ အဝတ်လျှော် ဆပ်ပြာမှုန့် အရည်၊တာယာမျိုးစုံ၊ စက္ကူမျိုးစုံ၊ အချိုရည်မျိုးစုံ၊ ဓါတ်မြေဩဇာမျိုးစုံ၊ ရေခဲသေတ္တာ၊ ဒီဇယ်၊ ငှက်သိုက် ၊TV တို့ဖြစ်ကြပါတယ်။

      ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ အနီးစပ်ဆုံးကာလနဲ့ယမန်နှစ်ကာလတူ ပို့ကုန်သွင်းကုန် ဆောင်ရွက်နိုင်မှု များကို ဖော်ပြပေးလိုက်ရပါတယ်-

                                                                                                                                                                                                                   တန်ဖိုး-ကန်ဒေါ်လာသန်း

                                         ၂၀၁၅                    ၂၀၁၄                     ၂၀၁၅

                                      ဖေဖော်ဝါရီလ           ဖေဖော်ဝါရီလ           ဇန်နဝါရီလ

          ပို့ကုန်                       ၃.၅၉၅                   ၂.၉၅၃                   ၃.၃၆၉

          သွင်းကုန်                 ၄၂.၉၃၅                  ၂၀.၄၈၁                  ၃၇.ဝ၉၁

          ကုန်သွယ်မှု               ၄၆.၅၃၀                  ၂၃.၄၃၄                  ၄၀.၄၆၀

         

                                                                    MIRT( DCCA)