UAE(United Arab Emirates)နိုင်ငံများသို့ပါရော်ဘာတင်ပို့

 

          မြန်မာ့ရော်ဘာကို ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ပြည်ပနိုင်ငံများသို့ တင်ပို့ရာတွင် ယခုသီတင်းပတ်မှာ UAE(United Arab Emirates) နိုင်ငံများကိုပါတင်ပို့နိုင်ခဲ့ပါတယ်။ဖေဖော်ဝါရီလ           ၂၂ ရက်မှ ၂၈ ရက်နေ့ထိ ရက်သတ္တပတ်အတွင်းမှာ ကန်ဒေါ်လာ ၁ ဒသမ ၁၉၁ သန်းတန်ဖိုးရှိ ရော်ဘာ ၉၀၁ တန်ကို တင်ပို့နိုင်ခဲ့ပါတယ်။ယခင်သီတင်းပတ်ထက် ၁၉၅ တန်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။နိုင်ငံအလိုက် တင်ပို့နိုင်မှုများကတော့ မလေးရှားနိုင်ငံကို RSS-3 တန်နဲ့ MSR -20 ၁၉၆ တန်၊ စင်္ကာပူနိုင်ငံကို             MSR -20 ၁၉၆တန် ၊ UAE နိုင်ငံများသို RSS-3တင်ပို့ခဲ့တာဖြစ်ပါတယ်။ယခုဘဏ္ဍာနှစ်အတွင်း ဖေဖော်ဝါရီလကုန်အထိ UAE နိုင်ငံများသို့ရော်ဘာ ၄၇၁ တန်တင်ပို့ထားနိုင်ခဲ့ပါတယ်။

          ဖေဖော်ဝါရီလ တစ်လလုံးမှာတော့ ကန်ဒေါ်လာ ၅ ဒသမ ၆၀ သန်းဖိုးရှိရော်ဘာ ၄၃၂၈ တန်ခွဲ တင်ပို့နိုင်ခဲ့ပါတယ်။အနီးစပ်ဆုံး ဇန်နဝါရီလနဲ့နိုှုင်းယှဉ်ပါက တန်ချိန် ၂၄၇၀ ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။

  ဖေဖော်ဝါရီလလယ်ပိုင်းလောက်တုန်းက အနည်းငယ်အတက်ရှိလာတဲ့ရော်ဘာဈေးဟာ ပြန်ကျ မသွားဘဲ အတက်ဈေးနဲ့ ဘဲဈေးငြိမ်လျက် ရှိနေပါတယ်။ ယခုသီတင်းပတ် မှာ လည်း နိုင်ငံတကာရော်ဘာ ပေါက်ဈေးအပြောင်းအလဲသိပ်မရှိကြောင်းနဲ့ မြန်မာ့ရော်ဘာဈေးလည်း ယခင်တစ်ပတ်ဈေးအတိုင်း  ဈေးငြိမ်လျက်ရှိနေကြောင်း  မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းရဲ့ဈေးနှုန်းထုတ်ပြန်ချက်အရ သိရှိရပါတယ်။ အသင်းမှထုတ်ပြန်ထားတဲ့ဈေးနှုန်းများကိုဖော်ပြပေးလိုက်ပါတယ်-

          RSS 1                    တစ်တန်လျှင်   ဒေါ်လာ         ၁၅၀ဝ-၁၆၀ဝ

          RSS 2                    တစ်တန်လျှင်   ဒေါ်လာ         ၁၄၅၀-၁၅၅၀

          RSS 3                    တစ်တန်လျှင်   ဒေါ်လာ         ၁၄၀ဝ-၁၅၀ဝ

          RSS 4                    တစ်တန်လျှင်   ဒေါ်လာ         ၁၃၅၀-၁၄၅၀

          RSS 5                    တစ်တန်လျှင်   ဒေါ်လာ         ၁၃၀ဝ-၁၄၀ဝ

          MSR 10                 တစ်တန်လျှင်   ဒေါ်လာ         ၁၄၀ဝ-၁၅၀ဝ

          MSR 20                 တစ်တန်လျှင်   ဒေါ်လာ         ၁၃၅၀-၁၄၅၀

          MSR 50                 တစ်တန်လျှင်   ဒေါ်လာ         ၁၂၅၀-၁၃၅၀

          Crepe Rubber        တစ်တန်လျှင်   ဒေါ်လာ         ၁၂၀ဝ-၁၃၀ဝ

                                                                    ယဉ်ယဉ်အေး MIRT (DCCA)