စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အတွင်း စားသုံးသူအကာအကွယ်ပေးရေး လုပ်ငန်းများ ဆောင်ရွက်

 

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်း ဒေသကြီး ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၁၅ ခုနှစ် မတ်လ ၅ ရက်နေ့နှင့်  ၆ ရက်နေ့များတွင် ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့၊ ခင်ဦးမြို့၊ ရေဦးမြို့နှင့် တန့်ဆည်မြို့များတွင် စားသုံးသူအကာအကွယ်ပေးရေး လုပ်ငန်းမှ ပညာပေးဟောပြော ခြင်းကို သွားရောက်ဆောင်ရွက်ခဲ့ကြပါသည်။

  အဆိုပါဟောပြောပွဲများကို သက်ဆိုင်ရာ မြို့နယ်စီမံခန့်ခွဲရေးကော်မတီ၏ စီစဉ်ဆောင်ရွက် ပေးမှုများဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမများ၌ ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။ တိုင်းဦးစီးမှူးရုံးမှ ဦးသန်းထွန်း (ဒု-ဦးစီးမှူး)က စားသုံးသူများအတွက် သတင်းအချက် အလက် အရေးပါပုံကို လည်းကောင်း၊ ဦးဌေးတင့် (ဒု-ဦးစီးမှူး)က စားသုံးသူအကာအကွယ်ပေးရေး ဥပဒေနှင့် အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့၏ လုပ်ငန်းတာဝန်များကိုလည်းကောင်း၊ ဒေါ်နှင်းနှင်းခိုင် (ဒု-ဦးစီးမှူး)က အရက်၊ ဘီယာ၊ ဆေးလိပ်၊ စီးကရက်၊ ကွမ်းစားခြင်းများ၏ ဆိုးကျိုးများကိုလည်းကောင်း၊ ဒေါ်ကေသီအောင် (ကြီး/ရေး)က မုန့်မျိုးစုံနှင့် အချိုရည် အကြောင်းများကို လည်းကောင်း၊ ဦးကျော်လင်း (ကြီး/ရေး)က အချိုမှုန့်အကြောင်းကို လည်းကောင်း၊ ဦးကျော်တင့် (ကြီး/ရေး)က စားသုံးဆီအကြောင်းကိုလည်းကောင်း အသီးသီး ဟောပြောကြ ပါသည်။

     စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းဦးစီးမှူးရုံးအနေဖြင့် သုံးနှစ်အတွင်း ပညာပေးလုပ်ငန်းများအပြီး ဆောင်ရွက်ရမည်ဟူသော ရည်မှန်းချက်ဖြင့် လုပ်ကိုင်ဆောင်ရွက်လျက် ရှိပါသည်။ သို့အတွက်ကြောင့်လည်း ဟောပြောပွဲပေါင်း (၁၀ဝ)အထိ ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်ပါသည်။ ဝန်ထမ်းများ၏ စည်းလုံး ညီညွတ်မှု၊ တာဝန်သိမှု၊ ကြိုးစားအားထုတ်မှုတို့နှင့် ပေါင်းစပ်၍ ကျန်ရှိနေသေးသော ခရိုင်၊ မြို့နယ်များ သို့လည်း ဆက်လက်ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း သတင်းကောင်းပါးလိုက်ရပါသည်။

                                                                ကေသီအောင် (စစ်ကိုင်း)