နယ်စပ်စခန်းများမှ ဖေဖော်ဝါရီလအတွင်း ရော်ဘာ ၁၅၄၀ တန်တင်ပို့

 

           ဖေဖော်ဝါရီလ၂၁ ရက်နေ့မှ၂၇ ရက်နေ့ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၁၈၉ သန်း ဖိုးရှိ ရော်ဘာ ၁၃၅ တန်ကျော်ကို မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ တင်ပို့ခဲ့ပါတယ်။မူဆယ်မှ ယခု သီတင်းပတ်မှာ RSS-3 ၁၃၁ တန်နဲ့ MSR -50 ၄ တန်ခွဲ တင်ပို့ခဲ့တာဖြစ်ပါတယ်။ယခင်တစ်ပတ်ကလည်း မူဆယ်မှ ရော်ဘာ ၁၃၆ တန် တင်ပို့ခဲ့တဲ့အတွက် ပုံမှန်အပို့ရှိနေတယ်လို့ဆိုရပါမယ်။

          ဖေဖော်ဝါရီလ တစ်လလုံးမှာတော့ မူဆယ်နဲ့ ချင်းရွှေဟော်မှ ကန်ဒေါ်လာ ၂ ဒသမ၁၀သန်းရှိတဲ့ ရော်ဘာ ၁၅၄၀ တန်တင်ပို့ခဲ့ပြီး အနီးစပ်ဆုံး ဇန်နဝါရီလထက် ၁၃၇၅ တန်လျော့နည်းခဲ့ပါတယ်။ဖေဖော်ဝါရီလမှာတော့ တရုတ်နှစ်သစ်ကူးရှိနေတဲ့အတွက် ကုန်သွယ်မှုလျော့ကျ ရခြင်းဖြစ်ပါတယ်။ ယခုတစ်ပတ်မှာ ရော်ဘာဈေးနှုန်းအပြောင်းအလဲမရှိကြောင်း RSS-3 တစ်တန်လျှင် မိမိဘက်ဈေး ၁၄၃၄၇၄၃ ကျပ်နဲ့ တစ်ဖက်နိုင်ငံဈေး ၁၃၉၉ ဒေါ်လာရှိကြောင်း မူဆယ်ကုန်စည်ဒိုင်မှ ထုတ်ပြန်သော ဈေးနှုန်းများအရ သိရှိရပါတယ်။

 

                                                                     ယဉ်ယဉ်အေး MIRT (DCCA)