ရှောင်ကွင်းလမ်းမှာ စုပုံထားတဲ့အိမ်သုံးလျှပ်စစ်ပစ္စည်း ကျပ် ၁၁ သိန်းကျော်ဖိုး သိမ်းဆည်းရမိ

 

          ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ Shell ဓါတ်ဆီဆိုင်အနီး ရှောင်ကွင်းလမ်းမှာစုပုံထားတဲ့ အိမ်သုံး လျှပ်စစ်ပစ္စည်းများကို မူဆယ် (၁၀၅)မိုင်  ထုတ်နုတ် Mobile Team အဖွဲ့က ဇန်နဝါရီလ ၂၆ ရက်နေ့မှာ သိမ်းဆည်းရမိခဲ့ပါတယ်။ ပစ္စည်းများကို အသေးစိတ် စစ်ဆေးပြီးနောက် လုပ်ထုံးလုပ်နည်းနဲ့အညီ အကောက်ခွန်အမှုတွဲဖွင့်ကာ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းထားပြီဖြစ်ပါတယ်။သိမ်းဆည်းရမိတဲ့ပစ္စည်းများမှာ-TV remote (၃၀၅)ခု၊EVD  remote (၅၀၇)ခု၊Steel Water Pot (30L,10 L) ၁၂ ခု၊Rice Cooker -1000 Watt (၆)ခုနဲWater Dispense (၄)ခုဖြစ်ပြီး ခန့်မှန်းတန်ဖိုးမှာ ကျပ် ၁၁ ဒသမ ၆၈၀သိန်းရှိတယ်လို့သိရပါတယ်။

 

                                                                DCCA  DCCA