ရော်ဘာဈေးအတက်အကျမရှိသော်လည်း တင်ပို့မှုလျော့ကျ

 

          မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅ )မိုင်ကုန်သွယ်ရေးဇုန်မှ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှ ၂၀ ရက်နေ့ထိကာလအတွင်းမှာ ရော်ဘာ ၁၃၆ တန် တင်ပို့ခဲ့ပါတယ်။ကန်ဒေါ်လာ သုည ဒသမ ၁၈၁ သန်းဖိုးရှိRSS-3  ၆၇ တန်ခွဲနဲ့ MSR-50 ၆၈တန်ခွဲ တင်ပို့ခဲ့ တာဖြစ်ပါတယ်။ယခုသီတင်းပတ်မှာ ရော်ဘာတင်ပို့မှု တန် ၃၀ဝကျော် လျော့နည်းခဲ့ပါတယ်။လွယ်ဂျယ်နဲ့ချင်းရွှေဟော်စခန်းများမှလည်း တင်ပို့မှုမရှိခဲ့ပါဘူး။ မူဆယ်ကုန်စည်ဒိုင်မှာတော့ ရော်ဘာပေါက်ဈေးများမှာပြောင်းလဲမှုမရှိဘဲ ယခင် တစ်ပတ်ဈေးအတိုင်း RSS-3 တစ်တန်ကို မိမိဘက်ဈေး ၁၄၃၄၇၄၃ ကျပ်ရှိပြီး၊တစ်ဖက်နိုင်ငံဈေး ၁၃၉၄ ဒေါ်လာရှိတယ်လို့ သိရပါတယ်။

 

                                                                ယဉ်ယဉ်အေး MIRT ( DCCA)