မူဆယ်မှ တင်ပို့တဲ့ နှမ်းရောင်စုံ

 

          ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ တတိယပတ်အတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ၂၃၄ သန်းတန်ဖိုးရှိတဲ့ နှမ်းရောင်စုံ ၁၂၄ တန်ခွဲ တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ်က မူဆယ်မှ ၁၇၇ တန်နဲ့ ချင်းရွှေဟော်မှ တန် ၅၀ဝ  တင်ပို့နိုင်ခဲ့ပါတယ်။ ယခုတစ်ပတ်မှာတော့ ချင်းရွှေဟော်မှ နှမ်းတင်ပို့မှုမရှိဘဲ မူဆယ်စခန်းတစ်ခုတည်းမှသာ နှမ်းဖြူ တန် ၂၀၊ နှမ်းနက် ၄၉ တန်ကျော်၊ နှမ်းဖြူ (အခွံချွတ်) ၅၄ တန်ကျော်နဲ့ နှမ်းလှော် ၁ တန်တင်ပို့ခဲ့တာတွေ့ရပါတယ်။ မူဆယ်ကုန်စည်ဒိုင်မှာ ယခင်တစ်ပတ်ကဈေးအတိုင်း ပြောင်းလဲမှုမရှိဘဲ နှမ်းဖြူတစ်တန် ၂၀၇၈၁၉၂ ကျပ်နဲ့ နှမ်းနက် တစ်တန်  ၂၁၆၁၁၁၁ ကျပ်ရှိပါတယ်။ မန္တလေး-မူဆယ်ကုန်စည်သယ်ယူခမှာ တရုတ်နှစ်ကူးကာလ ဖြစ်လို့ ယခင်သီတင်းပတ်က နှမ်းတစ်ပိဿာ ၆၆-၇၆ ကျပ်ရှိရာမှ ယခုတစ်ပတ်တွင် ၇၂-၇၅ ကျပ်သို့ ကုန်ပစ္စည်း သယ်ပို့ကားခဈေး အနည်းငယ်မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။  မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ် စခန်းမှလည်း ကန်ဒေါ်လာ ၁၂၂၅၃ တန်ဖိုးရှိတဲ့ နှမ်းနက် ၇ တန် ယခုသီတင်းပတ်မှာ တင်ပို့ခဲ့ပါတယ်။

                                                                မော်မော်အောင် MIRT ( DCCA)