တာချီလိတ်နယ်စပ်မှ လက်ဖက်ခြောက်၊ ဂန္ဓမာပန်းခြောက်၊ လိမ္မော်သီး၊ ကြက်သွန်နီနဲ့ အုံတုံခေါက်တို့ ပိုမိုတင်ပို့နိုင်

 

          မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ၂၀၁၅ ခုနှစ် ဇန်နဝါရီလအတွင်း ကန်ဒေါ်လာ သုည ဒသမ၂၆၃သန်းတန်ဖိုးရှိ လယ်ယာထွက်ကုန်များဖြစ်တဲ့လက်ဖက်ခြောက်၁၄၅ တန်ကျော်၊ ဂန္ဓမာပန်းခြောက် ၁၀ တန်ကျော်၊ လိမ္မော်သီး ၈၅၈ တန်နဲ့ ကြက်သွန်နီ တန် ၂၅၀ တင်ပို့နိုင်ခဲ့သလို ကန်ဒေါ်လာ သုည ဒသမ ဝ၂၆ သန်းတန်ဖိုးရှိ သစ်တောထွက်ပစ္စည်းဖြစ်တဲ့ အုံတုံခေါက် တန်  ၈၀ တင်ပို့နိုင်ခဲ့ ပါတယ်။ အနီးစပ်ဆုံးကာလဖြစ်တဲ့ ဒီဇင်ဘာလနဲ့ ယမန်နှစ်ကာလတူ ဇန်နဝါရီလတို့နဲ့ နှိုင်းယှဉ်ပါက ယခု ဇန်နဝါရီလတွင် ဆန်နဲ့ ဆီးသီးခြောက်တင်ပို့မှုမရှိခဲ့သော်လည်း လက်ဖက်ခြောက်၊ ဂန္ဓမာပန်းခြောက်၊ လိမ္မော်သီး၊ ကြက်သွန်နီနဲ့ အုံတုံခေါက်တို့ ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။

 

                                                                        ခင်မြနွယ် MIRT ( DCCA)