တရုတ်နယ်စပ်ကရော ဘင်္ဂလားဒေ့ရှ်နယ်စပ်ကပါ တင်ပို့ခဲ့တဲ့ လဲမှို့

 

          မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ ဖေဖော်ဝါရီလ ၇ ရက်မှ ၁၃ ရက်တာ သီတင်းပတ်အတွင်း ကန်ဒေါ်လာ သုည ဒသမ ၂၂၇ သန်းတန်ဖိုးရှိ လဲမှို့ တန် ၂၇၀ တင်ပို့ခဲ့ပါတယ်။  ယခင်သီတင်းပတ်က တန်ချိန် ၁၀၉၁ တန် တင်ပို့ခဲ့တာမို့ ယခုတစ်ပတ်ရဲ့ လဲမှို့တင်ပို့မှု ၈၂၁ တန်လျော့နည်းသွားခဲ့သလို ဝါဂွမ်းတင်ပို့မှုတွင်လည်း ယခင်သီတင်းပတ်က ၂၀၂ တန်ခွဲတင်ပို့နိုင်ခဲ့ပြီး ယခုတစ်ပတ်မှာတော့ ၁၂ တန်သာတင်ပို့ခဲ့တာတွေ့ရပါတယ်။ ယခုဝါစေ့နဲ့ ဝါဂွမ်းဈေးများလျော့ကျပြီး မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့ရှိ ဝါပွဲရုံတွေနဲ့ ဝါကြိတ်စက်များမှာ အမြတ်ရရှိမှုနည်းပြီး ဝင်ငွေလည်း လျော့ကျခဲ့ကြောင်း၊ ကုန်ချောဈေးနှုန်းလျော့ကျလို့ ကုန်ကြမ်းရောင်းချသူတွေ အဆင်မပြေဖြစ်ရပြီး ဝါစိုက်တောင်သူများလည်း စိုက်စရိတ်ရှုံးနေကြကြောင်း၊ ရမည်းသင်းရှိ ဝါကြိတ်စက်လုပ်ငန်းရှင်တစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။

          ယခုသီတင်းပတ်မှာ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မောင်တောနယ်စပ်ကုန်သွယ်ရေးမှလည်း ကန်ဒေါ်လာ ၈၅၀ဝ တန်ဖိုးရှိတဲ့ လဲမှို့ ၁၀ တန်ကို တင်ပို့ခဲ့ပါတယ်။

 

                                                                မော်မောင်အောင် MIRT ( DCCA)