မှန်လုံယာဉ်ပေါ်မှ တရားမဝင်သစ်များကို မူဆယ် Mobile Team မှ စစ်ဆေးတွေ့ရှိ

 

      မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် စခန်း ထုတ်နုတ်အင်အား Mobile Team အဖွဲ့မှ ဇန်နဝါရီလ ၂၃ ရက် နံနက် ၁၁း၄၀ ချိန်တွင် ပြည်ထောင်စုလမ်းမကြီး အေးရှားဝေါလ် တိုးဂိတ်အနီးတွင် မသင်္ကာဖွယ်ရာ ယာဉ်တစ်စီးကို တွေ့ရှိ၍ Mobile Team မြေပြင်ချ စစ်ဆေးရေးအဖွဲ့မှ အသေးစိတ် စစ်ဆေးခဲ့ရာ တရားမဝင် တင်ဆောင်လာတဲ့ ကျွန်းခွဲသား၊ ပိတောက်ခွဲသားများနဲ့ အတူတင်ဆောင်လာတဲ့ ကွတ်ခိုင်မန်း မှန်လုံယာဉ်အမှတ် (9B/xxxx)  အား စိစစ်ဖမ်းဆီး သိမ်းဆည်း ရမိခဲ့တယ်လို့ သတင်းရရှိပါတယ်။ အဆိုပါ သိမ်းဆည်းရမိ ယာဉ်နှင့် သစ်များရဲ့ ခန့်မှန်းတန်ဖိုးမှာ ကျပ်သန်းပေါင်း ၂၃ ဒသမ ၃၂၁ ခန့်ဖြစ်ပြီး သက်ဆိုင်ရာ ဌာနများသို့ အဖွဲ့စုံဖြင့် လွှဲပြောင်းအပ်နှံပြီး အကောက်ခွန် အမှုတွဲဖွင့်လှစ်နိုင်ခဲ့ပါတယ်။ 

                                                                                DCCA  DCCA