ရေနံစိမ်းနဲ့ ငွေလဲနှုန်းအပြောင်းအလဲကြောင့် ယခုတစ်ပတ်မလေးရှား ရော်ဘာဈေးကွက် နိုးနိုးကြားကြားဖြစ်

 ရေနံစိမ်းနဲ့ ငွေလဲနှုန်း အပြောင်းအလဲများကြောင့် ယခုတစ်ပတ်မှာ မလေးရှား ရော်ဘာ ဈေးကွက် နိုးနိုးကြားကြား  ဖြစ်နရပါတယ်လို့  ရော်ဘာ ကုန်သည်တစ်ဦးက  ပြောကြားလိုက်တာပါ။  ရော်ဘာဈေးဟာ အခြားကုန်စည်များရဲ့  အခြေအနေပေါ်မူတည်ပြီး အပြောင်းအလဲ  ဖြစ်ပါကြောင်း၊ ယခုတစ်ပတ်ကုန်ဆုံးချိန်  မှာတော့ မျှော်မှန်းထားတာထက် ရော်ဘာဈေးကွက်  အခြေအနေကောင်းမွန်နေကြောင်း၊ အထူးသဖြင့် ရင်းဂစ်ဈေး အပြောင်းအလဲကလည်း သက်ရောက်စေကြောင်း  ဖေဖော်ဝါရီလ ၉ ရက်နေ့က Bernama သတင်းဌာနက တွေ့ဆုံမေးမြန်းစဉ်  ရော်ဘာကုန်သည်က ပြောကြားလိုက်တာ ဖြစ်ပါတယ်။ အင်္ဂါနေ့ဟာ အချုပ်အချာ အာဏာပိုင်နေ့နဲ Thaipusam  ရုံးပိတ်ရက်  ဖြစ်တဲ့အတွက် တနင်္လာနေ့မှာ ရော်ဘာဈေးပိတ်တယ်လို့ သိရပါတယ်။ သောကြာအခြေခံ ရက်သတ္တပတ်မှ မလေးရှား ရော်ဘာဘုတ်အဖွဲ့က တရားဝင်သတ်မှတ်ပေးတဲ့ ရော်ဘာဈေး တွေကတော့ Tyre လုပ်မဲ့ SMR 20 တစ်ကီလိုဂရမ်ကို ၄၉၅ စင်ပေါြက်ပီး  Latex ဝမ်းပုံစနစ်ဈေးက       ၃၇၁ ဒသမ ၅ စင်ဖြစ်ပါတယ်။  ဈေးကွက်ထဲမှာ တရားမဝင်ပေါက် ဈေးတွေကတော့ ၁ ကီလိုဂရမ်ကို SMR 20 က  ၄ ဒသမ ၅ စင်နဲ့ Latex ဝမ်းပုံ ၁၂ ဒသမ ၅ စင်အသီးသီးမြင့်တက်ခဲ့ပြီး SMR 20 ၁ ကီလိုဂရမ်ကို  ၄၉၅ ဒသမ ၅ စင်၊ Latex ဝမ်းပုံ ၃၇၅ ဒသမ ၅ စင်အသီးသီးဈေးပေါက်ခဲ့တယ်လို့ Bernama သတင်းမှာ ဖော်ပြထားပါတယ်။

 

                                                                                                                                                                          CMK