မြဝတီမှ ကော့ကရိတ်သို့သွားရောက်မည့် ခရီးသည်တင်ယာဉ်များနဲ့ ကုန်တင်ယာဉ်များအား ရှေ့တန်းအမှတ် (၄) စစ်ဆေးရေးကွပ်ကဲမှုဌာနချုပ်မှူးမှ ပိတ်ဆို့တားဆီးစစ်ဆေး

 

   ဖေဖော်ဝါရီလ ၈ ရက် ဝ၅ း ဝ၀ ချိန်မှာ ရှေ့တန်းအမှတ် (၄) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်မှူးမှ တံတားကျိုးဂိတ်မှာ မြဝတီမှ ကော့ကရိတ်သို့ သွားရောက်မဲ့ ခရီးသည်ယာဉ်များနဲ့ ကုန်တင်ယာဉ် အားလုံးကို စစ်ဆေးမှုပြုလုပ်ပြီး တံတားကျိုးရှောင်ကွင်းလမ်းနဲ့ နားခိုနိုင်သော နေရာများမှာ တပ်အင်အား ချထားပိတ်ဆို့ တားဆီး စစ်ဆေးခဲ့ရပါတယ်။ ၁၀ း ဝ၀ ချိန်မှာ စစ်ဆေးတဲ့နေရာသို့ ဝင်ရောက်လာခြင်းမရှိဘဲ လမ်းဘေးမှာ ရပ်ထားသဖြင့် စိစစ်ရာမှာ ဂျူတီ/လိုင်စင် မပါသောယာဉ်များ  ဖြစ်နေတဲ့အတွက်   မြဝတီကုန်သွယ်ရေးဇုန်သို့ ဆက်သွယ် အကြောင်းကြားပြီး  မြဝတီကုန်သွယ်ရေးဇုန် OSS ပူးပေါင်းအဖွဲ့မှ အကောက်ခွန် ဦးစီးဌာန တာဝန်ခံ အဖွဲ့နဲ့အတူ အမှတ် (၄) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်အဖွဲ့နဲ့  ပူးပေါင်းပြီး ဂျူတီ/လိုင်စင်ပါ ရှိမှု ရှိ မရှိ စိစစ်ခဲ့ကြ ပါတယ်။ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက် ဝ၁ း ၃၀ ချိန်မှာ ကုန်သွယ်ရေးဇုန်သို့ ဝင်ရောက်ခြင်းမရှိဘဲ ရှောင်ကွင်းလမ်းမှ ထွက်ခွာလာတဲ့ လိုင်စင်ဂျူတီမပါရှိတဲ့ Hilux ၂ စီး၊ ၆ ဘီးယာဉ် ၄၉ စီး၊ ၁၀ ဘီးယာဉ် ၁ စီး၊ ၁၂ ဘီးယာဉ် ၁၂ စီး၊ စုစုပေါင်း ၆၄ စီးအား မြဝတီကုန်သွယ်ရေး ဇုန်အတွင်း ခေါ်ယူထားပြီး ဝ၉ း ဝ၀ ချိန်မှ စတင်၍ OSS အဖွဲ့ဝင်ဌာနများ၊ ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနဲ့ အမှတ် (၄) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်မှ တပ်ကိုယ်စားလှယ်များပါ ဝင်တဲ့အဖွဲ့နဲ့ ဖွင့်ဖောက်စစ်ဆေးမှုပြုလုပ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။  စစ်ဆေးတွေ့ရှိရတဲ့ ပစ္စည်းတွေကတော့ စားသောက်ကုန် ( စားဆီ၊ ခေါက်ဆွဲခြောက်၊ အချိုမှုန့်၊ နို့ဆီ၊ နို့စိမ်း၊ နို့ကတ်မျိုးစုံ၊ မုန့်ပုံးမျိုးစုံ၊ Coffeemix၊ Overtine၊ Dumex၊ Royal D၊ ကြက်သားမှုန့်၊ ငရုတ်ဆီ၊ ကောက်ညှင်း၊ ကွမ်းသီးခြင်း၊ အချိုရည်မျိုးစုံ၊ အုန်းနို့ဘူး)၊ အရက်၊ ဘီယာ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ (ဘိလပ်မြေ၊  ေြွကပြား၊ သုတ်ဆေး၊ သင်နာ၊ အုတ်ရိုက်သံ၊ အိမ်မိုးပြား၊ သံမှို၊ အိမ်ရိုက်သံ၊ အမိုးရိုက်သံ၊ လွှ၊ ပတ္တာ၊ သစ်သားပေါလစ်၊ သစ်ခွဲသားအရွယ်စုံ၊ ပျဉ်းကတိုးအရွယ်စုံ၊ စက်ဆီချောဆီ (အင်ဂျင်ဝိုင်၊ Gear Oil၊ Grease၊ Break Oil၊ Hydraulic Oil၊ Motor Oil ၊ ဓါတ်ဆီ)၊ အိမ်သုံးပစ္စည်းများ (လျှပ်စစ်ပန်ကာ၊ ဒယ်အိုး၊ ထမင်းအိုး၊ ရေခဲသေတ္တာ၊ Gasအိုး၊ ပလတ်စတစ်ဖျာ၊ ဆပ်ပြာမှုန့်၊ အဝတ်လျှော်ရာတွင်  သုံးသော အမွှေးရည်)၊ ယာဉ်ယန္တရား (ကရိန်း၊ ထရော်လာဂျီလက်ကိုင်နဲ့ ဆက်စပ်ပစ္စည်းများ)၊ လုပ်ငန်းသုံး (ဓါတ်မြေဩဇာ၊ ဂုန်နီအိတ်ခွံ၊ ပလတ်စတစ်အိတ် ) များကို စစ်ဆေးတွေ့ ရှိထားတယ်လို့ သိရပါတယ်။

 

                                                                                                                                                              DCCA DCCA