ITC ကတ်နဲ့ ရိဒ်နယ်စပ်မှ ဇန်နဝါရီလတွင် ပို့ကုန်သွင်းကုန် ကျပ်သန်းပေါင်း ၉၀ ကျော် ကုန်သွယ်နိုင်

 

     ရိဒ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ  ၂၀၁၅ ခုနှစ် ဇန်နဝါရီလတွင် ITC ကတ်ထုတ်ပေးနိုင်မှု ၃ ဦးရှိပြီး ပို့ကုန် ကျပ်သန်းပေါင်း  ၆၀ ကျော်ကုန်သွယ်မှုပြုနိုင်ခဲ့ပါတယ်။ သွင်းကုန်အနေဖြင့် ကျပ်  ၃၄ သန်းကျော်တင်သွင်း နိုင်တာတွေ့ရပါတယ်။ ITC ကတ်နဲ့ ပို့ကုန်တင်ပို့ခဲ့တဲ့ပစ္စည်းကတော့ မုန့်မျိုးစုံဖြစ်ပြီး သွင်းကုန်ပစ္စည်းတွေကတော့  လုပ်ငန်းသုံးကုန်ကြမ်းများဖြစ်တဲ့ နိုင်လွန်ချည်နဲ့ ချည်ဆိုးဆေးတို့အပြင် အားဖြည့်အချိုရည်ပါတင်သွင်းနိုင်တာ တွေ့ရပါတယ်။ ရိဒ်နယ်စပ်ကုန်သွယ်ရေးမ ITC ကတ်နဲ့ ကုန်သွယ်ခွင့်ကို  ၂၀၁၃ ခုနှစ်  ဧပြီလမှ စတင်ခွင့်ပြုပေးခဲ့ပြီး စတင်ခွင့်ပြုချိန်မှ ၂၀၁၅ ခုနှစ် ဇန်နဝါရီလထိ ကျပ်သန်းပေါင်း ပို့ကုန် ကျ၁၄ ဒသမ ၉၉၉ နဲ့ သွင်းကုန်  ၁၇၇ ဒသမ ၁၈၆ ကုန်သွယ်ပြီးဖြစ်တာ တွေ့ရပါတယ်။ နယ်စပ်စခန်း ၁၂ ခုမ ITC ကတ်နဲ့ စတင်ခွင့်ပြုချိန်မှ ၂၀၁၅ ခုနှစ် ဇန်နဝါရီလထိ  ကုန်သွယ်မှုပမာဏ ကျပ်သန်းပေါင်း ၇၃၀ဝ ကျော် ဆောင်ရွက်ထားပြီးဖြစ်ပါတယ်။

 

                                                                                                                                                   ခင်မိုးသူ MIRT (DCCA)