တရုတ်နှစ်သစ်ကူးပွဲတော်နီးလာလို့ မူဆယ် ၁၀၅ မိုင်သို့ သစ်သီးဝလံကားဝင်ရောက်မှုများပြား

 

   တရုတ်နှစ်သစ်ကူးပွဲတော်နီးလာလို့ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်သို့ သစ်သီးဝလံကားများ ဝင်ရောက်မှု များပြားလာတာတွေ့ရပါတယ်။ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကနေ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ပထမပတ်မှာ ဖရဲသီး ၃၇၂၀ဝ တန်၊ သခွားမွှေး ၂၅၆၅ တန်၊ ဆီးသီး ၁၀ဝ၅ တန်၊ စပျစ်သီး ၁၀ တန်ခွဲ၊ ဖရုံသီး ၂၅ တန်နဲ့ အုန်းသီး ၃ တန်တို့ကို ကန်ဒေါ်လာ ၅ ဒသမ ၃၈၉ သန်းဖိုး တင်ပို့နိုင် ခဲ့ပါတယ်။ မူဆယ်သစ်သီးဝလံကုန်စည်ဒိုင်သို့ ယခုတစ်ပတ်မှာ တစ်နေ့ကိုဝင်ရောက်ခဲ့တဲ့ ဖရဲကားပျမ်းမျှကားစီးရေ ၃၀ဝ ကျော်၊ သခွားမွှေးကား ၇၀ ခန့်၊ ဆီးသီးကား ၃၀ ကျော်နဲ့ စပျစ်သီး၊ အုန်းသီး၊ ဖရုံသီးကားတွေကတော့ ပုံမှန် ၁ စီး ၂ စီး ရှိနေပါတယ်။တရုတ်နိုင်ငံကို တင်ပို့တဲ့ သစ်သီးဈေးကွက်များမှ ဖရုံသီးကို ယခုနှစ်အတွင်း မြန်မာပြည်မှာ စတင်စမ်းသပ်စိုက်ပျိုးတာဖြစ်ပြီး တရုတ်ပြည်မအတွင်းသို့ ချိတ်ဆက်ကာတင်ပို့ရောင်းချ နေရတယ်လို့ သိရပါတယ်။ တရုတ်ပြည်က ထွက်တဲ့ဖရုံသီးက တစ်တန်ကို ယွမ် ၃၀ဝ နဲ့ ၄၀ဝ ကြားရှိပြီး မိမိ ဘက်ပေါက်ဈေးကတော့ တစ်တန်ကို ကျပ်တစ်သိန်းဖြစ်ပါတယ်။ တာချီလိတ်နယ်စပ်ကုန်သွယ်ရေးကတော့ ယခင်တစ်ပတ်က လိမ္မော်သီး ၅၂၈ တန်တင်ပို့နိုင်ခဲ့ပြီး ယခု သီတင်းပတ်မှာတော့ ၃၉၆ တန်သာတင်ပို့ခဲ့တယ်လို့ သိရပါတယ်။

 

                                                                                                                                          မော်မော်အောင် MIRT (DCCA)