ကြက်သွန်ဖြူသည် သွေးတိုးဖြစ်ပွားမှုအား ထိန်းကျောင်းပေးနိုင်

 

 ကြက်သွန်ဖြူစားသုံးခြင်းဟာ နှလုံးရောဂါနဲ့ကျန်းမာရေးအတွက် သက်လုံကောင်းစေတယ် ဆိုတာ  တော်တော်များများ စာစောင်တွေမှာ ထုတ်ဝေထားပြီးဖြစ်ပါတယ်။ တရုတ်နိုင်ငံ The First Affiliated Hospital  of Soochow University နဲ့ အဖွဲ့ဟာ ကြက်သွန်ဖြူအမှုန့်၊   နှစ်ချို့ ကြက်သွန်ဖြူအနှစ်၊ ကြက်သွန်ဖြူအဆီတို့ကို ကျပမ်းနည်းစနစ် ၁၇ မျိုးသုံး တိုက်ကျွေးပြီး သွေးတိုး ထိန်းကျောင်းနိုင်မှု ကို  လေ့လာဖော်ထုတ်ခဲ့ကြပါတယ်။  လေ့လာသူများက  ကြက်သွန်ဖြူဖြည့်စွက်စာများကို အသုံးပြုပြီး စမ်းသပ်လေ့လာမှုပြုရာမှာ ကြက်သွန်ဖြူဖြည့်စွက်စာ တစ်ရက်ကို ၃၀ဝ မှ ၉၀ဝ မီလီဂရမ်နှုန်းနဲ့ သွေးတိုးရောဂါဝေဒနာခံစားနေသူများကို တိုက် ကျွေးပေးခြင်းဖြင့် Systolic သွေးတိုးကို  ၃ ဒသမ ၇၅ ံmmHg ထိလည်းကောင်း၊ Diastolic သွေးတိုးကို  ၃ ဒသမ ၃၉ mmHg ထိ လည်းကောင်း လျှော့ချနိုင်ခဲ့ပါတယ်။ သုတေသီများကတော့ ကြက်သွန်ဖြူ သို့မဟုတ် ကြက်သွန်ဖြူဖြည့်စွက်စာများကို မှန်မှန်စားသုံးပေးခြင်း အားဖြင့် သွေးတိုးဝေဒနာသည်များရဲ့  သွေးတိုးမှုများကို ထိန်းကျောင်းပေးနိုင်တဲ့အတွက် ပုံမှန်စားသုံးပေးသင့်တဲ့ဖြည့်စွက် စာ ဖြစ်ကြောင်း ထောက်ခံပြောဆိုကြပါတယ်။                                                                                                                                                                                                                                                                                                                                                                       ရှင်ပါဂူ