ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှပုဇွန်တောင်မြို့နယ်ပုဇွန်တောင်ဈေးတွင် စားသုံးသူအကာအကွယ်ပေးရေး အသိပညာပေးကွင်းဆင်းဆောင်ရွက်

 

ပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သည့် စားသုံးကုန်ပစ္စည်းများ ဝယ်ယူစားသုံးနိုင်ရေးကို ရည်ရွယ်၍ ကွင်းဆင်းအသိပညာပေး မှုများ  ဆောင်ရွက်လျက်ရှိသည့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူနှင့် ဝန်ထမ်းများသည်  ရန်ကုန်တောင်ပိုင်းခရိုင်၊ စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ ဌာနစုမှူး၊ ပုဇွန်တောင် မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်၊ မြို့နယ်စည်ပင်လက်ထောက်အုပ်ချုပ်ရေးမှူး၊ ပုဇွန်တောင်ဈေး တာဝန် ခံနှင့်ဝန်ထမ်းများ၊ ဈေးသာယာရေး အဖွဲ့ဝင်များ၊ ဈေးမိ၊ ဈေးဖများနှင့် ပူးပေါင်း၍ ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ် (ပုဇွန်တောင်ဈေး)ရှိ ဈေးရောင်းချသည့် သူများအား ဈေးကော်မတီရုံးတွင် တွေ့ဆုံ၍ စားသုံးသူအကာ အကွယ်ပေးရေးအကြောင်း သိကောင်းစရာများကို ဟောပြောဆွေးနွေးခြင်းနှင့်   ဈေးဆိုင်များ၌ရောင်းချလျက်ရှိသည့် စားသောက်ကုန် ပစ္စည်း၊ ဆေးမျိုးစုံ၊ လူသုံးကုန်၊ အလှကုန်ပစ္စည်းများကို ကြည့်ရှုစစ်ဆေးခြင်းနှင့် စားသုံးသူအကာအကွယ်ပေး ရေး အသိပညာပေးခြင်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။ အဖွဲ့သည် ဈေးကော်မတီရုံး၌ ဈေးရုံကိုယ်စားလှယ်များ၊ ဈေးမိဈေးဖများ၊ စားသောက်ကုန်၊  ဆေးမျိုးစုံ၊ လူသုံးကုန်၊ အလှကုန်၊ သစ်သီးဝလံဟင်းသီးဟင်းရွက် ရောင်းချသူများအား  ပြည်သူတစ်ရပ်လုံးနှင့်သက်ဆိုင်သည့် စားသုံးသူ အကာ အကွယ် ပေးရေးဥပဒေကို နိုင်ငံတော်မှ ပြဌာန်းခဲ့ပြီးဖြစ်ကြောင်း၊ စားသုံးသူနှင့် ရောင်းချသူအကြား နစ်နာမှု၊ မကျေနပ်မှုများကို ဖြေရှင်းပေးမည့် ရန်ကုန်တိုင်းဒေသကြီး စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ ဖွဲ့စည်းပြီးဖြစ်ကြောင်း၊ ထို့အပြင် စားသုံးသူများအတွက် ပိုမိုထိရောက်သော ဆောင်ရွက်မှုကို လုပ်ဆောင်ပေးမည့် စားသုံးသူတိုင်ကြားမှု လက်ခံဆောင်ရွက်ရေးလုပ်ငန်းကော်မတီနှင့် ပြည်တွင်းမှ ထုတ်လုပ်သည့် ကုန်ပစ္စည်းများ၊ ပြည်ပမှ ဝင်ရောက်လာသည့် ကုန်ပစ္စည်းများ လုံခြုံစိတ်ချရမှုရှိစေရန် စစ်ဆေးဆောင်ရွက်ပေးမည့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုဆိုင်ရာ လုပ်ငန်းကော်မတီတို့ကို ဖွဲ့စည်းပြီး ဖြစ်ကြောင်း၊ ဈေးရောင်းချသည့် ဈေးသူ/ဈေးသားများ အနေဖြင့် ဥပဒေတွင်ပါရှိသည့် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်၊ တားမြစ်ချက်များနှင့်အညီ မိမိတို့ရောင်းချသည့် ကုန်ပစ္စည်းများသည် စားသုံးသူများအတွက် ဘေးဥပဒ်အန္တရာယ် ကင်းရှင်းပြီး သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီရန် လိုအပ်သကဲ့သို့ မိမိတို့ကိုယ်တိုင် ကုန်ပစ္စည်းများကို ဝယ်ယူအသုံးပြုရာတွင်လည်း စားသုံးသူအနေဖြင့် စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များကိုလည်း သိရှိထားရန်လိုအပ်ကြောင်းတို့ကို အသေးစိတ် ရှင်းလင်း ပြောကြားခဲ့ပြီးသိလိုသည်များကို ဆွေးနွေးနိုင်ပါကြောင်း ဖိတ်ကြားခဲ့ရာ တက်ရောက်လာသူတစ်ဦးမှ ဈေးကွက် အတွင်းရောင်းချလျက်ရှိသည့် အစားအစာ၊ ဆေးဝါးများ ဘေးဥပဒ် အန္တရာယ်ဖြစ်ပေါ်ခဲ့ပါက ကျန်းမာရေး ဝန်ကြီးဌာနမှ ပြဌာန်းထားသည့် အစားအသောက်နှင့် ဆေးဝါးဥပဒေ၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီး ဌာနမှ ပြဌာန်းထားသည့် စားသုံးသူအကာအကွယ်ပေးရေး ဥပဒေတို့ဖြင့် အရေးယူ ဆောင်ရွက်နိုင်မည့် အခြေအနေများကို သိရှိလိုကြောင်း မေးမြန်းခဲ့ပါသည်။ ဆက်လက်၍ အဖွဲ့သည် ဈေးအတွင်းရောင်းချလျက်ရှိသည့် စားသောက်ကုန်၊ ဆေးမျိုးစုံ၊ လူသုံးကုန်၊ အလှကုန်၊ ငါးပိ၊ ငါးခြောက်၊ ငါးပိစိမ်းဆား၊ စားသုံးဆီ၊ ငရုတ်သီးမှုန့်မျိုးစုံ ရောင်းချလျက်ရှိသည့် ဆိုင်များသို့ လှည့်လည်ကြည့်ရှုပြီး စားသုံးသူများအတွက် ကျန်းမာရေးနှင့် ညီညွတ်သည်များရောင်းချရန်၊ ဘေးဥပဒ် အန္တရာယ် ဖြစ်သည်များ မရောင်းချရန်၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ( FDA ) ထောက်ခံချက်ပါ သည်များကိုသာရောင်းချရန်၊ ကုန်ပစ္စည်းများတွင် ဆက်သွယ်ရန်လိပ်စာ၊ ထုတ်လုပ်ရက်စွဲ၊ သက်တမ်းကုန်ရက်စွဲ၊ အမှတ်တံဆိပ်၊ ပါဝင်ပစ္စည်းများပါရှိသည်များကို ရွေးချယ်၍ရောင်းချရန်၊ ကျန်းမာရေး ဝန်ကြီးဌာနမှ စားသုံးရန်နှင့် သုံးစွဲရန်မသင့်ဟု ထုတ်ပြန်ကြေညာထားသည့် အစား အစာ၊ ဆေးဝါး၊ အလှကုန် ပစ္စည်းများ ရောင်းချခြင်းမပြုရန်၊ သက်တမ်းကုန်ဆုံးနေသည့်ပစ္စည်းများရောင်းချခြင်းမပြုရန်နှင့် သက်တမ်း ကုန်ဆုံးနေသည့် ကုန်ပစ္စည်းများအား ထုတ်လုပ်ဖြန့်ဖြူးသည့် ပင်ရင်းဆိုင်သို့ဆက်သွယ်၍ ပြန်လည်လဲလှယ်စေခြင်းများပြလုပ်ရန်တို့ကို စည်းရုံး ပညာပေး ဆွေးနွေးမှုများ ပြောကြားခဲ့ပြီး စားသုံးသူ အကာအကွယ်ပေးရေး အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးမှုများဆောင်ရွက်ခဲ့ပါသည်။ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ကွင်းဆင်းဆောင်ရွက်ခဲ့သည့် ပုဇွန်တောင်မြို့နယ်၊ ပုဇွန်တောင် ဈေးသည် (က)အဆင့်ဈေးဖြစ်ပြီး ဈေးရုံပေါင်း ၃၁ ရုံ၊ ဆိုင်ခန်းပေါင်း ၁၉၃၂ ခန်း၊ ဆိုင်ခန်း အလွတ်ရောင်းချ သည့်ဈေးသည် ၃၅၂ ဦးတို့ဖြင့် နေ့စဉ် နံနက် ဝ၆းဝ၀ နာရီမှညနေ ဝ၆းဝ၀ နာရီအထိ ဈေးရောင်းချခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

 

                                                                                                                                        ခင်သီ( စားသုံးသူ )ရန်ကုန်