တစ်ဖက်နိုင်ငံ၏ အကောက်ခွန်သက်သာကင်းလွတ်ခွင့် (DFTP) အစီအစဉ်အရ CO Form လျှောက်ထားနိုင်ကြောင်း ကုန်သည်လုပ်ငန်းရှင်များ သိရှိရန်ချပြရှင်းလင်း

 

 အိန္ဒိယနိုင်ငံမှ ဖွံ့ဖြိုးမှုနည်းသော နိုင်ငံများသို့ တစ်ဖက်သတ် အကောက်ခွန်သက်သာခွင့်ပေးထားတဲ့ (DFTP) အစီအစဉ်အရ မြန်မာနိုင်ငံကိုလည်း တစ်ဖက်သတ်အကောက်ခွန်သက်သာကင်းလွတ်ခွင့်ပေးထားပြီး ၎င်း (DFTP) အစီအစဉ်အရ အခွန်သက်သာကင်းလွတ်ခွင့် CO Form လျှောက်ထားနိုင်ကြောင်းကိုကုန်သည်လုပ်ငန်းရှင်များသိရှိရန်တမူးနယ်စပ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုမြှင့်တင်ရေးအစည်းအဝေးမှာ ချပြရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။ တစ်ဖက်နိုင်ငံမှ တစ်ဖက်သတ်ပေးအပ်ထားသော အကောက်ခွန်သက်သာကင်းလွတ်ခွင့် (DFTP) အစီအစဉ်အရ CO Form လျှောက်ထားခြင်းနှင့် ပတ်သက်၍ မိမိဘက်ကုန်သည်များမှ အကောက်ခွန် သက်သာအောင် ပြုလုပ်လိုသော်လည်း တစ်ဖက်နိုင်ငံကုန်သည်မှ မလုပ်ပေးပါက ဘာမှလုပ်၍ မရကြောင်း၊ မိမိဘက်ကုန်သည်များမှ တစ်ဖက်ကုန်သည်များထံ အကြွေးရောင်းနေရသဖြင့် ယခုအချိန်အထိ အကြွေး မကြေသေးဘဲ မိမိအပါအဝင်အချို့လည်း ရူပီးသိန်း  ၁၀ဝ ခန့်အထိ ပေးထားပြီး ကုန်သွယ်မှုဖြစ်မြောက်အောင် လုပ်နေရကြောင်းကိုကလေးတမူး-ကလေးဝနယ်စပ် ကုန်သွယ်ရေးကုန်သည်ကြီးများအသင်းဥက္ကဋ္ဌဦးလှမောင် မှ ဖြည့်စွက် ဆွေးနွေး တင်ပြသွားတယ်လို့ သိရပါတယ်။

 

                                                                                                                                                 ခင်မိုးသူ MIRT (DCCA)