စားသုံးသူများအား ကုန်စည်များဝယ်ယူခြင်းမပြုမီ အရည်အသွေး၊ ထုတ်လုပ်သည့်ရက်စွဲနှင့်အလေးချိန်တို့ကိုစစ်ဆေးရန်အကြံပြုပြောကြား

 

အိန္ဒိယနိုင်ငံခရိုင်အခွန်ဌာနအရာထမ်း A.M. Nagendran မှ စားသုံးသူများသည် မှားယွင်းသော ကြော်ငြာများ၊ ကျသင့်တန်ဖိုးထက်များစွာ  လျော့နည်းသည့်ဈေးနှုန်းဖြင့် ဈေးနှုန်း လျှော့ချပြီး လိမ်လည်ရောင်းချမှုများနှင့် အရည်အသွေးညံ့ဖျင်းသောထုတ်ကုန်များကို ဂရုပြုကြရန် ပြောကြားခဲ့ပါသည်။ ၎င်းမှ အမျိုးသားစားသုံးသူနေ့ ကျင်းပသည့် အခမ်းအနားတွင်မိန့်ခွန်းပြောကြား ရာတွင်စားသုံးသူများသည် ကုန်စည်များကိုဝယ်ယူခြင်းမပြုမီ အရည်အသွေး၊ ထုတ်လုပ်သည့်ရက်စွဲ၊ အလေးချိန်နှင့် အသိလက်မှတ်တို့ကိုစစ်ဆေးသင့်ကြောင်း၊ အထူးသဖြင့် ထုပ်ပိုးထားသော ကုန်စည် များဝယ်ယူရာတွင် ထုတ်လုပ်သူနှင့်ထုတ်လုပ်သည့်ရက်စွဲ၊ ဈေးနှုန်းစသည်ဖြင့်သင့်လျော် သော သတင်းအချက်အလက်များမပါရှိပါက ဝယ်ယူခြင်းမပြုသင့်ကြောင်း၊ ထုပ်ပိုးထားသော စားသောက် ကုန်များကိုလည်း စားသုံးရန်  သင့်မသင့်စစ်ဆေးပြီးမှသာ ဝယ်ယူသင့်ကြောင်း၊ စားသုံးသူတို့အနေဖြင့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများတွင်အပြစ်အနာအဆာ သို့မဟုတ် ပေါ့လျော့အားနည်းမှု တို့ဖြစ်ပေါ်ပါက စားသုံးသူ အကာအကွယ်ပေးရေးဥပဒေ ၁၉၈၆ အရစားသုံးသူတို့အား လျော်ကြေး ရရှိစေရန်နှင့် ၎င်းတို့၏ အကျိုးစီးပွားကို အကာအကွယ်ပေးနိုင်မည့်ပြဌာန်းချက်များ ထည့်သွင်း ပြဌာန်းသင့်ကြောင်း ပြောကြားခဲ့ပါသည်။  စားသုံးသူများ အနေဖြင့် ခရိုင်စားသုံးသူအရေးယူဆောင်ရွက်မှုဖိုရမ်သို့ဆက်သွယ်ပြီး ပြည်နယ်နှင့်နိုင်ငံ လုံးဆိုင်ရာ ဖိုရမ်များတွင်လျင်မြန်စွာကုစားမှုများကို အရေးဆို ရယူနိုင်ပါသည်။ ပညာတတ်မြောက်သူများပင် အရည်အသွေးညံ့ဖျင်းသောကုန်စည်များကို ဝယ်ယူစေရန် သွေးဆောင် ဖြားယောင်းထား သည့်ကြော်ငြာများ ကြောင့် လိမ်လည်မှုခံရနိုင်သဖြင့် စားသုံးသူများအား ဈေးကွက်အတွင်းမှ အရည်အသွေး ကောင်းမွန်ခြင်းမရှိသော ကုန်စည်များ ရောင်းချမှုကို ကာကွယ်တားဆီးရန် စားသုံးသူများအား အလေးဂရုပြုမှုတိုးမြှင့်နိုင်ရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း နှင့် အရည်အသွေး ပြည့်ဝသော ကုန်စည်များသာ ကျန်းမာရေးကိုကောင်းမွန်စေနိုင် ကြောင်း A.M. Nagendran မှ ပြောကြားခဲ့ပါသည်။ အလုပ်သမားနှင့်စားသုံးသူကာကွယ်ရေးကောင်စီဌာနမကုန်သည် အချို့မှစားသုံးသူများ အား ပျက်စီချို့ယွင်းနေသောအလေးချိန်တိုင်းကိရိယာများ၊ တိုင်းတာသည့် ကိရိယာများဖြင့် လိမ်လည်မှုများအား လက်တွေ့သရုပ်ပြသခြင်း၊ စားသုံးရန်မသင့်သောအစားအစာများအား ခင်းကျင်းပြသခြင်း၊ စားသုံးကုန်များအား အရည်အသွေးစစ်ဆေးပုံအား ရှင်းလင်းပြောကြားခြင်းနှင့် စားသုံးသူ အလေးဂရုပြုမှုမြှင့်တင်သည့်ပြိုင်ပွဲများတွင် ဆုရရှိသူများကိုဆုချီးမြှင့်ခြင်းတို့ကိုဆောင်ရွက်ခဲ့ပါသည်။                                                                 

                                                                                                                                          မျိုးမျိုးထိုက်၊ စားသုံးသူရေးရာဌာနခွဲ