တရားမဝင်ကုန်သွယ်မှုများ စီးဆင်းနေဆဲဖြစ်၍ ထိုင်းကုန်သွယ်မှုအသာစီးရလျက်ရှိ

 

မြန်မာ-ထိုင်း နယ်စပ်ရှိ မြဝတီနယ်စပ် ကုန်သွယ်ရေးဇုန် အနေနဲ့ တစ်ဖက်ထိုင်းနိုင်ငံနဲ့ အပြန် အလှန် ကုန်သွယ်မှုများ ပြုလုပ်လျက် ရှိပါတယ်။ မြန်မာ-ထိုင်း နယ်စပ်မှာ မြဝတီအပါအဝင် ကော့သောင်း၊ မြိတ်၊ တာချီလိတ်၊ မောတောင်၊ ကျိုင်းတုံ၊ ထီးခီးနယ်စပ် ကုန်သွယ်ရေး စခန်းများ၊ စစ်ဆေးရေးစခန်းများ ဖွင့်လှစ်ပြီး နယ်စပ်ကုန်သွယ်မှု လုပ်ငန်းများ လုပ်ဆောင်နေသော ကုန်သည် လုပ်ငန်းရှင်များ လုပ်ငန်းဆောင်ရွက်ရာမှာ အဆင်ပြေချောမွေ့စေရေးဆောင်ရွက် လျက်ရှိနေပါတယ်။ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ဧပြီလမှ နိုဝင်ဘာလထိ (၈)လတာ ကာလမှာ မြန်မာ-ထိုင်းနယ်စပ်စခန်း များရဲ့ ကုန်သွယ်မှု ပမာဏမှာ ကန်ဒေါ်လာ ၄၉၈ သန်းကျော်ရှိပြီး  ပို့ကုန် ကန်ဒေါ်လာ၁၂၂ သန်း ကျော်နဲ့ သွင်းကုန် ၃၇၆ သန်းကျော် ဆောင်ရွက်နိုင်ခဲ့ပါတယ်။

          ထိုင်းနယ်စပ်ရှိ စခန်းအလိုက် ကုန်သွယ်မှုဆောင်ရွက်နိုင်မှုများကတော့ -

                                                                                                ကန်ဒေါ်လာသန်း

                                  ပို့ကုန်                 သွင်းကုန်        ကုန်သွယ်မှုပမာဏ

          ကျိုင်းတုံ              ဝ.၅၉၉               ဝ.၆၅၉           ၁.၂၅၈

          တာချီလိတ်          ၁.ဝ၉၃               ၇.၇၃၄           ၈.၈၂၇

          မြဝတီ                ၃.၅၈၁               ၃၅.၅၆၁        ၃၉.၁၄၂

          ကော့သောင်း       ၃.၄၈၄               ၇.ဝ၀၂           ၁၀.၄၆၈

          မြိတ်                  ၉.၁၇၆               ၂.၅၇၆           ၁၁.၇၅၂

          ထီးခီး                 ဝ.ဝ၀၃               ဝ.၄၈၁           ဝ.၄၈၄

          မောတောင်         -                       ဝ.ဝ၀၆           ဝ.ဝ၀၆         

အသီးသီးဖြစ်ပါတယ်။

မြန်မာ-ထိုင်း နယ်စပ် ကုန်သွယ်ရေးစခန်း (၇) ခုထဲမှာ မြဝတီနယ်စပ်ကုန်သွယ်ရေးဇုန်ဟာ ကုန်သွယ်မှု ပမာဏအများ ဆုံးဆောင်ရွက်နိုင်တဲ့ စခန်းတစ်ခုဖြစ်ပြီး ကျန်ထိုင်းနယ်စပ် စခန်းများနဲ့ နှိုင်းယှဉ်လျှင် ကုန်းလမ်းမှ တစ်ဆင့်ပြည်မသို့ ကုန်ပစ္စည်း ပမာဏအမြောက်အ များကို အချိန်ကုန်သက် သာစွာနဲ့ ကုန်သွယ်မှုပြုနိုင်တဲ့ စခန်း တစ်ခုလည်းဖြစ်ပါတယ်။ ကျန်စခန်းများမှာ ရေကြောင်း/လေ ကြောင်းများမှ တစ်ဆင့်ပြည်မသို့ သယ်ယူပို့ဆောင်ရသဖြင့် ကုန်ပမာဏ သယ်ယူမှုမှာ ကန့်သတ်ချက်ရှိ နေကြပါတယ်။

ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးစခန်းအနက် ကုန်သွယ်မှု ပမာဏအများဆုံး ဆောင်ရွက်နိုင် သလို အိမ်နီးချင်းနိုင်ငံများနဲ့ နယ်စပ် ကုန်သွယ်မှုပြုနေတဲ့ ကုန်သွယ်ရေးစခန်း ၁၅ခုအနက် မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်ပြီးလျှင် ဒုတိယ အများဆုံး ကုန်သွယ်မှု ဆောင်ရွက်နိုင်တဲ့ စခန်းတစ်ခု တည်းဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ဖက်ထိုင်းနိုင်ငံ တာ့ခ်ခရိုင်က ထုတ်ပြန် တဲ့ ပို့ကုန်၊ သွင်းကုန် ပမာဏများနဲ့ နှိုင်းယှဉ်လျှင်တော့ ကွာခြားချက်များကို အောက်ပါ အတိုင်းတွေ့ရှိရ မှာဖြစ်ပါတယ်-

                                                ကန်ဒေါ်လာသန်း

          မိမိဘက်ပို့ကုန်                              ၃.၅၈၁

          ထိုင်းဘက်သွင်းကုန်                       ၁၃.၅၃၀

          ြခားနားချက်                  (-)     ၉.၉၄၉

          မိမိဘက်သွင်းကုန်                          ၃၅.၅၆၂

          ထိုင်းဘက်ပို့ကုန်                            ၁၆၄.ဝ၀၆

          ခြားနားချက်                  (-)   ၁၂၈.၄၄၄

ပို့ကုန်ပိုင်းခြား နားခြင်းမှာ မိမိဘက်မှ တရားဝင် တင်ပို့ခွင့်ပြုထားခြင်းမရှိတဲ့ ကျွဲနွားအရှင်များ တစ်ဖက်နိုင်ငံ စာရင်းတွင်ပါရှိနေခြင်း၊ မိမိဘက်မှ တရားဝင် အမှန်တင်ပို့သော ကြက်သွန်နီ၊ နှမ်း၊ မြေပဲဆံပမာဏနဲ့ တစ်ဖက်နိုင်ငံ စာရင်းတွင် ဖော်ပြပမာဏမှာ ပိုမိုနေတာ ကို တွေ့ရပါတယ်။

အလားတူ သွင်းကုန်ပိုင်းမှာလည်း မိမိဘက်သို့ တင်သွင်းရန် ကန့်သတ်ထားတဲ့ ဘီယာနဲ့ ဝီစကီ အရက်များ တစ်ဖက်နိုင်ငံပို့ကုန် စာရင်းတွင်ပါရှိနေခြင်း၊ တရားဝင် မိမိဘက်သို့ တင်သွင်းရန် ခွင့်ပြု ထားတဲ့ ဓါတ်ဆီ၊ ဒီဇယ်ဆီ၊ တယ်လီဖုန်းနဲ့ တယ်လီဖုန်းဆက်စပ် ပစ္စည်း၊ အချိုရည်မျိုးစုံ၊ စားသုံးဆီများ မိမိဘက်သို့ တရားဝင်တင်သွင်းတဲ့ စာရင်းထက် တစ်ဖက်နိုင်ငံစာရင်းက ပိုမိုနေတာတွေ့ရပါတယ်။

မိမိဘက် ကုန်သွယ်မှု စာရင်းထက် တစ်ဖက်နိုင်ငံ ကုန်သွယ်မှု  စာရင်းက ပိုမိုအသာစီး ရရှိနေခြင်းမှာ နယ်နိမိတ်ထိစပ်နေတဲ့ သောင်ရင်းမြစ်ကမ်း တစ်လျှောက်ရှိ တရားမဝင်ဂိတ် (၂၂) ခုမှ နေ၍ နေ့စဉ် တရားမဝင် တင်ပို့တင်သွင်းမှုများ ပြုလုပ်နေခြင်း၊ ကုန်ပစ္စည်းအလိုက် သတ်မှတ်ဈေးနှုန်း /တန်ဖိုး ကွာဟမရှိနိုင်ခြင်း၊ တရားမဝင်မှောင်ခို ကုန်သည်များအနေနဲ့ ကုန်သွယ်ရေး ဇုန်ရှောင်ကွင်း လမ်းများမှ တစ်ဆင့် ယာဉ်ကြီး/ယာဉ်ငယ်များနဲ့ သယ်ဆောင်လျက် ရှိတဲ့အပြင် ကုန်မဲ့ယာဉ်များ ၊ကုန်ပစ္စည်းအ နည်းငယ်သာ တင်ဆောင်ထားတဲ့ယာဉ် များနဲ့ ကုန်သွယ်ရေးဇုန် အတွင်းဝင်ရောက်စစ်ဆေးခံပြီး ကုန်သွယ်ရေးဇုန်အား ကျော်လွန်ပြီး ကြိုတင် သယ်ဆောင် စုပုံသိုလှောင်ထားတဲ့ ကုန်ပစ္စည်းများကို တင်ဆောင်ပြီး ပြည်မသို့ တရားမဝင် သယ်ဆောင်မှုများ ရှိနေခြင်း၊ နေ့စဉ်အိမ်စီးယာဉ်အဖြစ် သွားလာနေတဲ့ယာဉ် ငယ်များ၌ ကုန်ပစ္စည်း အပြည့်ပါရှိ နေသော်လည်း ကုန်သွယ်မှု စာရင်းတွင် ပါဝင်မှု မရှိခြင်းတို့ကြောင့် မိမိဘက်ထက် ထိုင်းဘက်က ကုန်သွယ်မှု အသာစီးရရှိနေကြောင်း စိစစ်ဖော်ထုတ် နိုင်ခဲ့ပါတယ်။

မြဝတီကုန်သွယ်ရေး ဇုန်အနေနဲ့ ကုန်သွယ်ရေးဇုန် အတွင်းမှ ဝင်ရောက်ဖြတ်သန်း အစစ်ဆေးခံသော ကုန်တင်ယာဉ်များနဲ့ စပ်လျဉ်း၍သာ အခွန်ကောက်ခံရရှိနိုင်သဖြင့် လစဉ်နိုင်ငံတော်မှရသင့် ရထိုက်တဲ့ အခွန်အခ ရရှိရေးအတွက်များစွာ နစ်နာဆုံးရှုံးနေရတယ်လို့ သိရပါတယ်။

ကုန်သွယ်ရေးဇုန် အတွင်းသို့ ဝင်ရောက်စစ်ဆေးခံသော ယာဉ်များတွင် တရားမဝင် ကုန်စည်များအကောက် ခွန်မဲ့ ရောနှောသယ်ဆောင်မှု မရှိစေရန်နဲ့ ကုန်တင်ယာဉ်များအား စနစ်တကျ စစ်ဆေး ဆောင်ရွက်ပေးရန် ကုန်သွယ်ရေးဇုန်တာဝန်ကျ OSS အကောက်ခွန် အဖွဲ့အား အသိပေးညှိနှိုင်း ဆောင်ရွက်ထားလျက် ရှိသော်လည်း  တရားမဝင် ကုန်ပစ္စည်း သယ်ဆောင်သူများဟာ ဇုန်ရှောင်ကွင်း လမ်းများမှနေ့ည အချိန်မရွေး ကုန်တင်ယာဉ်ကြီး၊ ယာဉ်ငယ်များနဲ့ ဖြတ်သန်းသွားလာပြီး နယ်မြေ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုး မှုလျော့ နည်းခြင်းအပေါ် အခွင့်အရေးယူပြီး မသမာသူ ဝိသမလောဘ သမားများကို တရားမဝင်ဆောင်ရွက်လျက် ရှိနေကြပါတယ်။ ဒေသအုပ်ချုပ်ရေးအဖွဲ့က တာဝန်ပေး အပ်ထားတဲ့ စစ်ဆေးရေးအဖွဲ့များကလည်း စနစ်တကျကြပ်မတ်နိုင်မှုမရှိတဲ့ အတွက် တရားမဝင် ကုန်သွယ်မှု တားဆီးရန် OSS အဖွဲ့တစ်ခုတည်းအနေနဲ့ အင်အားမမျှဖြစ်နေရတယ်လို့  မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီနယ်စပ် ကုန်သွယ်ရေးဇုန်မှ တာဝန်ရှိသူများရဲ့ သုံးသပ်ချက်များကို ဆက်သွယ် စုံစမ်းမေးမြန်း အသိပေးလိုက်ပါရစေ။

မဲဆောက်-မြဝတီ-ထိုင်းဘက်ခြမ်း ပို့ကုန် (မိမိဘက်သွင်းကုန်)စာရင်းပါ ထိပ်တန်း၂၀ စာရင်းဝင် ပစ္စည်းများမှာ တယ်လီဖုန်းနဲ့ ဆက်စပ်ပစ္စည်း၊ ဘီယာ၊ ဓါတ်ဆီ၊ ဒီဇယ်ဆီ၊ လယ်ထွန်စက်၊ ေြွခလှေ့နဲ့ ရိတ်သိမ်းစက်၊TV ၊ ပွင့်ရိုက်ပိတ် ၁၀ဝ ရာခိုင်နှုန်းချည် သား၊ ညှပ်ဖိနပ်၊ ပွင့်ရိုက်ပိတ်ဆိုး ဆေး၊  ဆပ်ပြာမှုန့်၊ ဟင်းခတ်အမွှေးအကြိုင်၊ မော်တော်ဆိုင်ကယ်၊ အလှကုန်အမျိုးမျိုး၊ စက်သုံးဆီ၊ စားသုံးဆီအမျိုးမျိုး၊ ပဲနို့ Synthetic Cotton Textile  ၊ လက်တွန်းလယ်ထွန်စက်နဲ့ ဆိုင်ကယ်တာယာ များပါရှိပါတယ်။

မဲဆောက်-မြဝတီ-ထိုင်းဘက်ခြမ်း သွင်းကုန်(မိမိဘက်ပို့ကုန်) စာရင်းထိပ်တန်း၂၀ စာရင်းဝင်ပစ္စည်း များမှာကျွဲ/နွားအရှင်၊ သစ်ဖြင့် ပြုလုပ်ထားတဲ့ အလှပန်းခက် (ကနုတ်)နဲ့ ပရိဘောဂများ၊ ငရုတ်သီးခြောက်၊ မြေပဲ၊ ကြက်သွန်ဥကြီး၊ စက်ဘီးအဟောင်း (Used)များ၊ ပင်လယ်ငါး၊ ပဲမျိုးစုံ၊ ပင်လယ်ကဏန်း၊ နှမ်း၊ ဆိုးဆေးပြုလုပ်တဲ့ ကုန်ကြမ်း၊ အရိုးကြိတ်မှုန့်၊ အလူမီနီယံအတိုအစ၊ သံတို သံစ၊ ကွမ်းသီးခြောက်၊ ငါးရှဉ့်အရှင်နဲ့ နနွင်းတက်တို့ဖြစ်ကြပါတယ်။

မိမိတို့အနေနဲ့ စားသုံးသူ အကာအကွယ်ပေးရေးနဲ့ တရားမဝင် ကုန်သွယ်မှု တားဆီးရေးအတွက်  မြဝတီ-ရန်ကုန်ကုန်သွယ်မှု လမ်းကြောင်းပေါ်ရှိ ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် ညောင်ခါးရှည်ယာယီ အခြေပြု Mobile Team အဖွဲ့သာ တာဝန်ပေးပြီး ဖြတ်သန်းသွား လာသော ကုန်တင်ယာဉ်များ ကိုသာ ရပ်တန့် စစ်ဆေးရှာဖွေတားဆီး ထိန်းသိမ်းမှုများကို လုပ်ဆောင်လျက် ရှိပါတယ်။ တရားမဝင် ကုန်သွယ် မှုတားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီရဲ့ ကြီးကြပ်မှုဖြင့် မြဝတီ-ရန်ကုန် ကုန်သွယ်မှုလမ်း ကြောင်းပေါ်ရှိ ပဲခူးတိုင်းဒေသ ကြီးဝေါ မြို့နယ် ညောင်ခါးရှည်မှာ ယာယီအခြေပြုဖွင့်လှစ်ထား သော Mobile Team လရ-၂ အဖွဲ့သည် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁ ရက်မှ ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့ထိ တားဆီး စစ်ဆေးထိန်းသိမ်းထားတဲ့ ကုန်ပစ္စည်းများအား အမှုတွဲ ၁၄၁၉ ခု၊ ခန့်မှန်းတန်ဖိုးကျပ်  ၂၇၉၄ ဒသမ ၃၄၅ သန်းဖိုးရှိနေပြီဖြစ်ပါတယ်။

လရ-၂ အဖွဲ့အနေနဲ့ တားဆီး ထိန်းသိမ်းရမိ အများစုမှာ စားသောက်ကုန်များ၊ ရာသီအလိုက် ပေါ်သောသီးနှံများ၊ အချိုရည်အမျိုးမျိုး၊ အရက်ဘီယာအမျိုးမျိုး၊ အထည်အလိပ်များ၊ အဝတ်အထည်များ၊ လူသုံးကုန်အိမ်သုံးကုန်များ၊ အလှကုန်ပစ္စည်းများ၊ ပုလင်းအခွံဟောင်း၊ ဂြိုလ်တု စလောင်း ဆက်စပ်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်း၊ ငါးဖမ်းပိုက်၊ ခွေးစာ၊ ကြောင်စာ၊ အပင်အားဆေး၊  ပေါင်းသတ် ဆေး၊ ဆေးဝါး၊ ခြင်ဆေးခွေ၊  ကြက်မြစ်ကြက်သည်း၊  ကြက်သား၊ လိုင်စင်မဲ့ယာဉ်များ၊ ကား/ဆိုင် ကယ်ဆက်စပ်ပစ္စည်းများ၊ အပိုပစ္စည်းများ၊ ကားအင်ဂျင် စသည်တို့ဖြစ်ပါတယ်။

အစိုးရသစ် တက်ပြီးနောက် မိမိတို့စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေနဲ့ ပို့ကုန် သွင်းကုန်ပိုင်းဆိုင်ရာ ဖြေလျော့မှု များစွာ ပြုလုပ်ပေးထားပြီးဖြစ်တဲ့ အတွက် ကုန်သည်လုပ်ငန်း ရှင်များအနေနဲ့ ရိုးရိုးသားသားနဲ့ တရားဝင် ပုံမှန်ကုန်သွယ်မှု လမ်းကြောင်းေ ပါ်မှ သစ္စာရှိရှိနဲ့ ကျသင့် အခွန်အခများ ပေးဆောင် ခြင်းဖြင့် ကုန်သွယ်မှုမြှင့်တင်ရေး၊ တရားဝင် လမ်းကြောင်းပေါ်မှ ကုန်သွယ် မှုပြုလုပ်ပေးကြပါရန် တိုက်တွန်းနိုးဆော် လိုက်ရပါတယ်။

                                                                                                       

   တိမ်ကင်းစင်