လိုင်စင် ID များနဲ့ကွဲလွဲပြီး တရားမဝင်တင်ဆောင်လာသော Backhole ယာဉ်ယန္တရား နဲ့ အခြား ပစ္စည်းများ Mobile Team မှစစ်ဆေးတွေ့ရှိ

 

      တရားမဝင် ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေး ဗဟိုကော်မတီရဲ့ စီမံကွပ်ကဲမှုနဲ့ မြဝတီ-ရန်ကုန် ကုန်သွယ်မှု လမ်းကြောင်းပေါ်ရှိ တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးနဲ့ စားသုံးသူအကာ အကွယ်ပေးရေး လုပ်ငန်းများအား စစ်တောင်းတံတာ ဟောင်း/သစ် လမ်းဆုံ ရှိညောင်ခါးရှည်မှာ ယာယီ အခြေပြု၍ Mobile Team အဖွဲ့ လရ-၂ သည် ဆောင်ရွက်လျက်ရှိပါတယ်။

       ထိုသို့ ဆောင်ရွက်နေစဉ် ဇန်နဝါရီလ၂၆ရက် ၁၈ း ဝ၀ ချိန်မှာသတင်းပေးမှ တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ ကွပ်ကဲမှုရုံးသို့ မြဝတီမှ ရန်ကုန်သို့ ထွက်ခွာ လာသော သွင်းကုန်ယာဉ် ၃ စီးပေါ်မှာ တရားမဝင် အကောက်ခွန်မဲ့ Backhole ယာဉ်ငယ်များ၊ ကားအင်ဂျင်၊ ဂီယာဘောက်(စ်)များ၊ ကားတာယာ၊ ကားအပိုပစ္စည်းများ၊ မီးစက်များ တင်ဆောင်သွားကြောင်း သတင်းပေးတိုင်ကြား လာတဲ့အတွက် လရ-၂သို့အကြောင်းကြားပြီး ပိတ်ဆို့တားဆီး စစ်ဆေးစေခဲ့ပါတယ်။ အဆိုပါယာဉ်များနဲ့ပတ်သက် ပြီး ရောက်ရှိမှုမြေပြင် သတင်းစုံစမ်းလေ့လာရာမှာ ညောင်ခါးရှည် တံတားလမ်းဟောင်းမှာ စစ်ဆေးခံရန် ရပ်တန့်ထားတာကိုတွေ့ရှိခဲ့ရပြီး ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်များအား ရှာဖွေရာမှာ တွေ့ရှိခြင်းမရှိတော့ဘဲ ထွက်ပြေး တိမ်းရှောင်သွားပြီလို့ သိရပါတယ်။ အဆိုပါ ယာဉ် ၃ စီးမှာ မဲစနစ်အရ ယာဉ်စစ်ခံရန် Mobile Team တာဝန်ကျ အကောက်ခွန်ဌာနတွင် စာရင်းပေးသွင်း ID ဖြတ်ပြီး ID မိတ္တူနဲ့ မှတ်ပုံတင်စာရင်း ရေးသွင်းထား သည်ကို စိစစ် တွေ့ရှိရပါတယ်။

     မြေပြင် အနေအထားနဲ့ အချိန်အခါအရ ၂၀၁၅ ဇန်နဝါရီလ၂၇ ရက် နံနက် မြင်သာတဲ့အချိန်မှ  Mobile Team အဖွဲ့စုံနဲ့ ဖွင့်ဖောက် စစ်ဆေးသောအခါ အခြားကုန်များနဲ့ သိုဝှက် ဖုံးအုပ်သယ်ဆောင် လာတဲ့ ယာဉ်ယန္တရား  Backhole ၅ စီး၊ ကားအင်ဂျင်၊ ဂီယာဘောက် (စ်)၊ ရှော့ဘား၊ ဟွန်း၊ ကားတာယာ၊ ပီနံအိတ်ခွံ၊ Cooling Pad ၊ ကားအပိုပစ္စည်း၊ မီးစက်၊ ဂုံနီအိတ်ခွံ၊ ကားပစ္စည်း၊ ကားတာယာ အသေး၊ 3K Battery ၊ ကားဂွေအသေးများကို Isuzu ၆ ဘီးယာဉ် 4E/xxxx Nissan Diesel ၁၂ ဘီး 8J/ xxxx နဲ့ Hino ၁၂ ဘီး 1B/xxxx တို့ပေါ်မှ စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။ အသေးစိတ် ဖွင့်ဖောက်စစ် ဆေးပြီး အကောက်ခွန်ဦးစီးဌာနသို့ လုပ်ထုံးလုပ်နည်းနဲ့အညီ အမှုဖွင့်အပ်နှံ နိုင်ရေးအတွက် Mobile Team လရ-၂ ဒုတိယတာဝန်ခံဦးစီးအဖွဲ့မှ ရန်ကုန်သို့ လာရောက်အပ်နှံနေပြီလို့ သတင်းရရှိပါတယ်။ စစ်ဆေးတွေ့ ရှိရတဲ့ ပစ္စည်းအမျိုးအစား၊ အရေအတွက်နဲ့ ခန့်မှန်း တန်ဖိုးများကို ဆက်လက်ဖော်ပြ ပေးသွားပါမယ်။

         

                                                                                               

DCCA DCCA