ကုန်သွယ်မှု လုပ်ထုံးလုပ်နည်း (အရာထမ်း) သင်တန်း အမှတ်စဉ် (၁/၂၀၂၆) ( သတင်း အပြည့်အစုံ ) ၁။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် အရာထမ်းများအား ကုန်သွယ်မှုလုပ်ထုံးလုပ်နည်းများကို သိရှိနားလည်စေရန်နှင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည် ဖွ
ကုန်သွယ်မှု လုပ်ထုံးလုပ်နည်း (အရာထမ်း) သင်တန်း အမှတ်စဉ် (၁/၂၀၂၆) ( သတင်း အပြည့်အစုံ )
၁။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် အရာထမ်းများအား ကုန်သွယ်မှုလုပ်ထုံးလုပ်နည်းများကို သိရှိနားလည်စေရန်နှင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ “ ကုန်သွယ်မှုလုပ်ထုံးလုပ်နည်း (အရာထမ်း) သင်တန်းအမှတ်စဉ် (၁/၂၀၂၆ )” သင်တန်း ဖွင့်ပွဲ အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက် (၀၉:၀၀) နာရီ အချိန်တွင် ရုံး အမှတ် (၃) မြေညီထပ်ရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ၂။ သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးအောင်သွင်ဦး က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး သင်တန်းဖွင့်ပွဲသို့ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများ နှင့် အရာထမ်း သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၅၅) ဦး တက်ရောက်ခဲ့ပါသည်။ ၃။ အဆိုပါသင်တန်းတွင် ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ အရာထမ်း သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၃၉) ဦးတို့ တက်ရောက်ခဲ့ပြီး သင်တန်းကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၃) ရက်နေ့မှ မတ်လ (၂၀) ရက်နေ့ထိ ရက် သတ္တပတ်(၄) ပတ်ကြာ (တနင်္လာနေ့မှ သောကြာနေ့ထိ) နံနက် (၀၉:၄၅) နာရီမှ (၁၂:၃၀) အချိန်ထိ ဧရာဝတီခန်းမ၌ ဖွင့်လှစ်ပို့ချ သွားမည်ဖြစ်ပါသည်။
