အရာထမ်းစွမ်းဆောင်ရည်သင်တန်း အမှတ်စဉ် (၁/၂၀၂၅) (သတင်းအပြည့်အစုံ)

အရာထမ်းစွမ်းဆောင်ရည်သင်တန်း အမှတ်စဉ် (၁/၂၀၂၅)

 (သတင်းအပြည့်အစုံ)

၁။         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသို့ ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်သည့် အရာထမ်းများနှင့် မိမိတို့ဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ကုန်သွယ်ရေးဦးစီးဌာနသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်နေသည့် အရာထမ်းများအတွက် အရာထမ်းစွမ်းဆောင်ရည် သင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(၂၂)ရက်နေ့ နံနက်(၀၉:၀၀) နာရီအချိန်တွင် ရုံးအမှတ် (၃) မြေညီထပ်ရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

၂။         သင်တန်းဖွင့်ပွဲ အခမ်းအနားတွင်  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်း က အဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်တန်းဖွင့်ပွဲသို့ ဒုတိယဝန်ကြီးများ၊  ညွှန်ကြားရေးမှူးချုပ်များ ၊ ဒုတိယအမြဲတမ်းအတွင်းဝန် ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ ၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများ ၊ ကုန်သွယ်ရေးဦးစီးဌာနမှ အရာထမ်း (၈) ဦး ၊ စားသုံးသူရေးရာဦးစီးဌာနမှ အရာထမ်း (၆) ဦး ၊ မူပိုင်ခွင့်ဦးစီးဌာနမှ အရာထမ်း (၅) ဦး ၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့တို့မှ အရာထမ်း (၆) ဦး ၊ စုစုပေါင်း အရာထမ်း (၂၅) ဦး တက်ရောက်မည်ဖြစ်ပါသည်။

၃။         အဆိုပါသင်တန်းတွင် ဝန်ကြီးဌာနနှင့် ဦးစီးဌာနများတွင် တာဝန်ယူဆောင်ရွက်နေရသည့် လုပ်ငန်းများနှင့်ပတ်သက်သည့် ဘာသာရပ်အကြောင်းအရာများကို ဌာနတွင်းမှ အရာထမ်းနည်းပြများ က ဆွေးနွေးပို့ချပြီး  ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂၂) ရက်နေ့မှ အောက်တိုဘာလ (၃) ရက်နေ့အထိ သင်တန်းရက် (၁၀) ရက်ကြာ ဖွင့်လှစ်မည် ဖြစ်ပါသည်။