စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်း အရာထမ်းစွမ်းဆောင်ရည်သင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းဖွင့်ပွဲသို့ တက်ရောက် အမှာစကားပြောကြား
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့၊ ၀၉:၀၀ နာရီအချိန်တွင် နေပြည်တော်၊ ရုံးအမှတ်-၃၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ညီလာခံခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည့် အရာထမ်း စွမ်းဆောင်ရည်သင်တန်း အမှတ်စဉ် (၁/၂၀၂၅) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်း တက်ရောက် အဖွင့်အမှာစကားပြောကြားခဲ့ သည်။
ဒုတိယဝန်ကြီး ဦးမင်းမင်းက အမှာစကားပြောကြားရာတွင် ယခုဖွင့်လှစ်သည့်သင်တန်းသည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသို့ ရောက်ရှိ တာဝန်ထမ်းဆောင်သော အရာထမ်းများအတွက် ဝန်ကြီးဌာနရှိ ဦးစီးဌာနအသီးသီး၌ ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့်ပတ်သက်၍ အရာထမ်းများသိသင့်သိထိုက်သည့် ဘာသာရပ်အကြောင်းအရာများကို သိရှိစေရန်ရည်ရွယ်၍ ဖွင့်လှစ်သည့် သင်တန်းဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် ကုန်သွယ်မှုပြုရာတွင် အဓိကကျသည့် မူဝါဒ များကို ချမှတ်ဆောင်ရွက်လျက်ရှိသဖြင့် သင်တန်းတွင် ဆွေးနွေးပို့ချသွားမည့် ဥပဒေ၊ လုပ်ထုံးလုပ် နည်းများကို သိရှိထားရန်လိုအပ်ပါကြောင်း၊ သင်တန်းချိန် ပျက်ကွက်မှုမရှိစေရေး အလေးထားဆောင် ရွက်ရန်နှင့် အရာထမ်းသင်တန်းသားများအနေဖြင့် သင်တန်းပြီးဆုံးပြီးနောက် ဦးစီးဌာနများ၏ လုပ်ငန်း ဆောင်ရွက်မှုများကို စိတ်ပါဝင်စားစွာဖြင့် ဆက်လက်ကြိုးစားလေ့လာသွားရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။
အဆိုပါသင်တန်းကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့မှ အောက်တိုဘာလ ၃ ရက်နေ့ထိ သင်တန်းသားဦးရေ ၂၅ ဦးဖြင့် ၂ ပတ်ကြာ သင်ကြားပို့ချသွားမည် ဖြစ်ပါသည်။
သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးကျော်ရွှေထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ နှင့် သင်တန်းသား/ သူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။