အိမ်နီးချင်းနိုင်ငံများ၏ ပို့ကုန်သွင်းကုန်ဆိုင်ရာမူဝါဒများ အသိပညာပေးသင်တန်း

အိမ်နီးချင်းနိုင်ငံများ၏ ပို့ကုန်သွင်းကုန်ဆိုင်ရာမူဝါဒများ 

အသိပညာပေးသင်တန်း

၁။         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက် အရ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်တွင် ထည့်သွင်းရေးဆွဲထားရှိသည့် သင်တန်း များကို ကုန်သွယ်ရေးဦးစီးဌာန ၊ ကုန်သွယ်မှုပညာပေးရေးဌာနခွဲအနေဖြင့် တာဝန်ယူအကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

၂။         အဆိုပါစီမံချက်အရ ရက်တိုသင်တန်းများ ဖွင့်လှစ်ပို့ချလျက်ရှိရာ အိမ်နီးချင်းနိုင်ငံများ၏ ပို့ကုန်သွင်းကုန်မူဝါဒများ နှင့်ပတ်သက်၍ သိကောင်းစရာများကို ၂၀၂၅ ခုနှစ် ၊ ဇွန်လ (၂၆) ရက်နေ့မှ (၂၇) ရက်နေ့အထိ နံနက် (၁၀:၀၀) နာရီ မှ (၁၂:၀၀) နာရီအချိန်ထိ ကုန်သွယ်ရေးဦးစီးဌာန ၊ ဧရာဝတီ ခန်းမ၌ သင်ကြား ပို့ချခဲ့ပါသည်။

၃။         သင်တန်းအား သင်တန်းစည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ခဲ့ပြီး ကုန်သွယ်ရေးဦးစီးဌာန၊ အရာထမ်း ၊ အမှုထမ်း စုစုပေါင်း(၂၀)ဦးတို့တက်ရောက်ခဲ့ပြီး သင်တန်းနည်းပြအဖြစ် ကုန်သွယ်မှုမူဝါဒ ဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခိုင်ဇာဝင်းက ဆွေးနွေးပို့ချခဲ့ပါသည်။