ငလျင်ဘေးသင့်ပြည်သူများအတွက် သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများရောင်းချပေးခြင်း ဖွင့်ပွဲအခမ်းအနား ကျင်းပ
နေပြည်တော်၊ မေလ ၁၂ ရက်
၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့က မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့ပြီးနောက် ပြန်လည်ထူ ထောင်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် လိုအပ်သည့် သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို အများပြည်သူများ ဈေးနှုန်းမှန်ကန်စွာနှင့် အရည်အသွေးပြည့်မီစွာ ဝယ်ယူနိုင်ရန် ရည်ရွယ်၍ ငလျင်ဘေးသင့် ပြည်သူများအတွက် သံ၊ သံမဏိ၊ ဘိလပ်မြေနှင့်ဆောက်လုပ် ရေးလုပ်ငန်းသုံးပစ္စည်းများ ရောင်းချပေးခြင်းအား ၂၀၂၅ ခုနှစ်၊ မေလ ၁၂ ရက် နေ့မှ ၁၈ ရက်နေ့ အထိ နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်၊ တပေါင်းကွင်း၌ ကျင်းပပြုလုပ်လျက်ရှိရာ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာချာလီသန်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးထွန်းအုံနှင့် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦး တို့ လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဦးထွန်းအုံ၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးမင်းမင်း၊ ဦးကျော်ရွှေထွန်းနှင့် တာဝန်ရှိသူများသည် “FROM REPAIR TO PREPARE- ပျက်၍ ပြင်ဆင်ခြင်းမှသည် ကြိုတင်ပြင်ဆင်ခြင်းဆီသို့” ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့သည့် ဆွေးနွေးဟောပြောပွဲသို့ တက်ရောက်ခဲ့ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ အထွေထွေ အတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်၊ မြန်မာနိုင်ငံ သံနှင့်သံမဏိအသင်း ဥက္ကဋ္ဌ၊ ဒေါက်တာကေသီလွင်၊ Alpha Power Engineering Co., Ltd. ၏ Founder and Managing Director ဦးသက်စံ၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ဌာနမှူး (ငြိမ်း) ဒေါ်ခင်မေဌေးတို့၏ ဆွေးနွေးမှုများအပေါ် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး ဦးမင်းမင်းနှင့် ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်တို့က လိုအပ်သည်များ ထပ်မံဖြည့်စွက် အကြံပြုဆွေးနွေးခဲ့ပါသည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ မေလ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ ရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်း၊ စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်၊ ဦးဇေယျာလင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံသံနှင့်သံမဏိအသင်း ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ သံ၊ သံမဏိလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌတို့ တက်ရောက်ခဲ့ပြီး အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
ငလျင်ဘေးသင့်ပြည်သူများအတွက် သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေး လုပ်ငန်းသုံး