စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းစီစဉ်မှုဖြင့် ငါး၊ အမဲ၊ ဆိတ်၊ ကြက်၊ ဝက်သားများအား သက်သာသောဈေးနှုန်းများဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိ

နေပြည်တော်၊ မေ ၅

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းစီစဉ်မှုဖြင့် ငါး၊ အမဲ၊ ဆိတ်၊ ကြက်၊ ဝက်သားများအား ဈေးကားများဖြင့် ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်အတွင်း ငလျင်ဒဏ်သင့် ဝန်ထမ်းအိမ်ရာများသို့ သက်သာသော ဈေးနှုန်းများ ဖြင့် လှည့်လည်ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

        ထိုသို့လှည့်လည်ရောင်းချရာတွင် ၂၀၂၅ ခုနှစ်၊ မေလ ၅ ရက်နေ့မှစ၍ ငါးမြစ်ချင်း ၁၀၀ ပိဿာ၊ အမဲသား ၃၀၀ ပိဿာ၊ ဆိတ်သား ၁၀၀ ပိဿာ၊ ကြက်သား(အကောင်လိုက်အမွှေးနှုတ်ပြီး) ၂၀၀ ပိဿာ၊ ဝက်သား ၁၀၀ ပိဿာတို့ကို သက်သာသောဈေးနှုန်းဖြင့် လှည့်လည်ရောင်းချခဲ့ကြောင်းနှင့် အပတ်စဉ် တနင်္လာနေ့တိုင်း ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။