မုံရွာမြို့နယ်တွင် ကွမ်းဈေးနှုန်းမြင့်တက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိ

Tue, 08/27/2024 - 04:23 -- mocadmin

   စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၌ ကွမ်းကို မိမိတို့အိမ်ခြံဝင်းအတွင်း တစ်နိုင်တစ်ပိုင် အနေဖြင့်လည်းကောင်း၊ အပိုဝင်ငွေရရှိရန်အတွက်လည်းကောင်း စိုက်ပျိုးကြကြောင်း၊ ကွမ်းကို ဆောင်းစိုက်နှင့် မိုးစိုက်ဟူ၍ နှစ်မျိုးခွဲ၍ စိုက်ပျိုးလျက်ရှိရာ မိုးစိုက်သည် ပိုးကျလွယ်သည့်အတွက် အနည်းငယ်သာ စိုက်ပျိုးကြပြီး ဆောင်းစိုက်ကိုသာ ပိုမိုစိုက်ပျိုးကြကြောင်း သိရသည်။

   ကွမ်းဈေးနှုန်းများအနေဖြင့် အရည်အသွေးအပေါ်မူတည်၍ ဩဂုတ်လ၊ ပထမပတ်တွင် ငွေကျပ် ၃,၀၀၀-၃,၅၀၀ ဖြင့်လည်းကောင်း၊ ဩဂုတ်လ၊ ဒုတိယပတ်တွင် ငွေကျပ် ၄,၅၀၀-၅,၀၀၀ ဖြင့် လည်း ကောင်း၊ ဩဂုတ်လ၊ တတိယပတ်တွင် ငွေကျပ် ၈,၀၀၀-၈,၅၀၀ ဖြင့်လည်းကောင်း ဈေးနှုန်းမြင့်တက် ၍ ရောင်းချရကြောင်း၊ ဈေးကွက်အနေဖြင့် မုံရွာမြို့ကွမ်းအဝယ်ဒိုင်များသို့ တင်ပို့ရောင်းချပြီး မိုးရွာ သွန်းမှုများပြားကာ ကွမ်းခြံများအတွင်း ရေဝင်‌ရောက်၍ ကွမ်းခြံများ ပျက်စီးဆုံးရှုံးခြင်းကြောင့် ဈေးကွက်အတွင်း ကွမ်းတင်ပို့နိုင်မှု လျော့နည်းသွားသည့်အတွက် ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း ကွမ်းစိုက်တောင်သူများထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

Local Trade News

Pages