Wednesday Talk ဆွေးနွေးပွဲ သတင်း (အပြည့်အစုံ)
Wednesday Talk ဆွေးနွေးပွဲ
သတင်း (အပြည့်အစုံ)
၁။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃)၊ ညီလာခံခန်းမ၌ Wednesday Talk ဆွေးနွေးပွဲကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၁) ရက်၊ နံနက် (၁၀:၀၀) နာရီမှ (၁၀:၄၅) နာရီ အချိန် ထိ ကျင်းပပြုလုပ်ခဲ့ပါသည်။
၂။ Wednesday Talk ဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သဉ္ဇာလှိုင် က “ Trade and Financial Connectivity for BRI Partner Countries” ခေါင်းစဉ်ဖြင့် BRI မိတ်ဖက်နိုင်ငံ များအတွက် ကုန်သွယ်မှုနှင့်ငွေကြေး ချိတ်ဆက်မှုအကြောင်းများ သိရှိနိုင်စေရန် ရည်ရွယ်၍ ဆွေးနွေး တင်ပြခဲ့ခြင်းဖြစ်ပါသည်။
၃။ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဆန်းမြင့် က ဆွေးနွေး ပြောကြားခဲ့သော ဦးစီးအရာရှိ ဒေါ်သဉ္ဇာလှိုင် အား ဂုဏ်ပြုလက်ဆောင် ပေးအပ်ချီးမြှင့်ခဲ့ပြီး မူပိုင်ခွင့်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာနှင်းနွယ်အေး က နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ပါသည်။
၄။ အဆိုပါ Wednesday Talk ဆွေးနွေးပွဲသို့ မူပိုင်ခွင့်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်း စုစုပေါင်း (၁၁၀) ဦးတို့ တက်ရောက်ခဲ့ပါသည်။