Wednesday Talk ဆွေးနွေးပွဲ သတင်း (အပြည့်အစုံ)
Wednesday Talk ဆွေးနွေးပွဲ
သတင်း (အပြည့်အစုံ)
၁။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃)၊ ညီလာခံခန်းမ၌ Wednesday Talk ဆွေးနွေးပွဲကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၆) ရက်၊ နံနက် (၁၀:၀၀) နာရီမှ (၁၀:၅၀) နာရီ အချိန်ထိ ကျင်းပပြုလုပ်ခဲ့ပါသည်။
၂။ Wednesday Talk ဆွေးနွေးပွဲတွင် ကုန်သွယ်ရေးဦးစီးဌာန၊ ဒေသတွင်းစီးပွားရေးပူးပေါင်း ဆောင်ရွက်မှုဌာနခွဲ၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲဝင့်မောင် က“ ကိုရီးယားအကောက်ခွန် FTA 2.0 ဆွေးနွေးပွဲ တက်ရောက်ခဲ့မှုနှင့် ပတ်သက်၍ အတွေ့အကြုံများ ရှင်းလင်းဆွေးနွေးခြင်း” ခေါင်းစဉ်ဖြင့် ကိုရီးယားအကောက်ခွန်၏ လွတ်လပ်သောကုန်သွယ်မှုဒေသများ အကောင်အထည်ဖော်ဆောင်မှု နှစ် (၂၀) ပြည့် အထိမ်းအမှတ်ကျင်းပရန်၊ ကြုံတွေ့ခဲ့သည့် အတွေ့အကြုံများ၊ ကောင်းမွန်သော အလေ့အကျင့်များ ဖလှယ်ရန်နှင့် ပင်ရင်းနိုင်ငံဆိုင်ရာစီမံခန့်ခွဲမှုစနစ် ကျင့်သုံးမှုများကို သိရှိနိုင်ရန်နှင့် အတွေ့အကြုံများ ဖလှယ်နိုင်ရန် ရည်ရွယ်၍ ဆွေးနွေး တင်ပြခဲ့ခြင်းဖြစ်ပါသည်။
၃။ ဆက်လက်၍ ဒေသတွင်းစီးပွားရေးပူးပေါင်းဆောင်ရွက်မှုဌာနခွဲ မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ရှင်စောသု က ဖြည့်စွက် ဆွေးနွေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးရုံး ဒုတိယအမြဲတမ်းအတွင်းဝန် ဦးသိန်းထွန်းဦး က ဆွေးနွေး ပြောကြားခဲ့သော လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲဝင့်မောင် အား ဂုဏ်ပြုလက်ဆောင် ပေးအပ် ချီးမြှင့်ခဲ့ပြီး နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ပါသည်။
၄။ အဆိုပါ Wednesday Talk ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးရုံး၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ စားသုံးသူရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်း စုစုပေါင်း (၁၂၈) ဦးတို့ တက်ရောက်ခဲ့ပါသည်။