မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ကို ဘယ်လိုဖွဲ့စည်းထားတာလဲ ? ဘယ်သူတွေပါသလဲ?

မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ကို အဖွဲ့ဝင် ၁၃ ဦးနဲ့ ဖွဲ့စည်းထားပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌ ဖြစ်ပါတယ်။ အဖွဲ့ဝင်များအဖြစ် အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနဲ့  အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ စီးပွား ရေးပညာရှင်များ၊ ဥပဒေပညာရှင်များနဲ့ ပါဝင်ဖွဲ့စည်းထားပါတယ်။ ကုန်သွယ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ်တို့ကတော့ ကော် မရှင်အတွင်းရေးမှူးနဲ့ တွဲဖက်အတွင်းရေးမှူးတို့ဖြစ်ကြပါတယ်။