ဈေးကွက်ထဲမှာ မျှတတဲ့ယှဉ်ပြိုင်မှုတွေရှိရင် ဘယ်လိုကောင်းကျိုးတွေ ရနိုင်မလဲ?

ဈေးကွက်ထဲမှာ မျှမျှတတယှဉ်ပြိုင်ကြရင် စားသုံးသူတွေအနေနဲ့ ဈေးနှုန်း၊ ကုန်ပစ္စည်းအရည်အသွေး စတာတွေကို ရွေးချယ်စရာတွေ ပိုများလာမယ်၊ ရောင်းချထုတ်လုပ်သူအချင်းချင်း ကုန်ပစ္စည်းကို အပြိုင်အဆိုင်ကောင်းမွန်အောင် ပြုလုပ်လာကြမှာမို့ ပစ္စည်းအရည်အသွေးတွေ တိုးတက်လာမယ်၊ ထုတ်ကုန် အမယ်သစ်တွေကိုလည်း တိုးချဲ့ထုတ်လုပ်လာကြမယ်၊ ကုန်ထုတ်လုပ်မှုတိုးတက် လာတာနဲ့အမျှ အလုပ်အကိုင်အခွင့်အလမ်းတွေလည်း တိုးပွားလာမှာဖြစ်ပါတယ်။