ယှဉ်ပြိုင်မှုဥပဒေပါ စီမံခန့်ခွဲမှုနည်းလမ်းအရ အရေးယူခံရရင် အယူခံခွင့်ရှိပါ သလား ? ဘယ်လိုအယူခံဝင်ရောက်ရပါသလဲ?

စီမံခန့်ခွဲမှုနည်းလမ်းအရ အရေးယူခံတဲ့ အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို မကျေနပ်ရင် အဲဒီ အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကိုလက်ခံရရှိတဲ့နေ့ရက်မှ ရက်ပေါင်း ၆၀ အတွင်း မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်သို့ အယူခံဝင်ရောက်ခွင့် ရှိပါတယ်။ ကော်မရှင်ဟာ အဲဒီ အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို အတည်ပြုတာ၊ ပြင်ဆင်တာ ဒါမှမဟုတ် ပယ်ဖျက်တာတွေ လုပ်နိုင်ပါတယ်။  ကော်မရှင်ရဲ့ ဆုံးဖြတ် ချက်ဟာ အပြီးအပြတ်အတည်ဖြစ်ပါတယ်။