တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်သွင်းကုန် ကုန်သွယ်မှုအခြေအနေ

                 တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် ထိုင်းနိုင်ငံ ၊ တရုတ်နိုင်ငံများနှင့် ကုန်သွယ်မှုလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ် (ဇန်နဝါရီလ၉ ရက်ထိ) ပို့ကုန် ကန်ဒေါ်လာ (၀.၉၇၉) သန်း၊ သွင်းကုန် ကန်ဒေါ်လာ (၂.၁၅၇) သန်း၊ ကုန်သွယ်မှုပမာဏကန်ဒေါ်လာ(၃.၁၃၆) သန်းဆောင်ရွက်နိုင်ခဲ့ပါသည်။ (၉-၁-၂၀၂၄) ရက်တွင် ပို့ကုန်တင်ပို့မှုအနေဖြင့် ထောပတ်သီး (၁၁၅) တန်၊ တန်ဖိုး (၀.၀၆၃) ဒေါ်လာသန်း၊ကြက်သွန်ဖြူ(၃၀) တန်၊ တန်ဖိုး (၀.၁၀၇) ဒေါ်လာသန်း၊​ပြောင်း(၉၈.၇၅) တန် တန်ဖိုး(၀.၀၂၄) ဒေါ်လာသန်း နှင့် ကြက်သွန်နီ(၈၅) တန်၊ တန်ဖိုး (၀.၀၆၃) ဒေါ်လာသန်း ၊ Manganese Dioxide(၂၄၀) တန်၊ တန်ဖိုး (၀.၀၂၂) ဒေါ်လာသန်း၊ လိမ္မော်သီး(၁၃.၂) တန်၊ တန်ဖိုး (၀.၀၀၂) ဒေါ်လာသန်း ၊ ပလပ်စတစ်ဖြတ်စ(၁၀) တန်၊ တန်ဖိုး (၀.၀၀၅) ဒေါ်လာသန်း နှင့်စက္ကူဖြတ်စ(၂၆) တန်၊ တန်ဖိုး (၀.၀၀၃) ဒေါ်လာသန်း၊ စုစုပေါင်း (၀.၂၈၉) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။ထိုင်းနိုင်ငံသုံးဘတ်ငွေလဲနှုန်းအနေဖြင့် (၉-၁-၂၀၂၄) ရက်နေ့တွင် ကျပ်(၁) သိန်းလျှင် (၁၀၀၅) ဘတ် ဖြစ်ပေါ်ခဲ့ပါသည်။
 

                  တာချီလိတ်ကုန်သွယ်ရေးစခန်းမှ စက်သုံးဆီ၊ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများအဓိကတင်သွင်းလျက်ရှိပြီး(၉-၁-၂၀၂၄) ရက်တွင် ဘိလပ်မြေ(၀.၀၁၂) ဒေါ်လာသန်း၊ ဘိလပ်မြေမျက်နှာကျက်ပြား(၀.၀၁၉) ဒေါ်လာသန်း၊မျက်နှာကျက်ပြား​(၀.၀၀၄) ဒေါ်လာသန်း၊ ကြွေပြား(၀.၀၂၀) ဒေါ်လာသန်း၊ ပလပ်စတစ်ခွက် (၀.၀၀၉) ဒေါ်လာသန်း၊ ​ပလပ်စတစ်ခြင်း(၀.၀၀၈)ဒေါ်လာသန်း၊ စောင် (၀.၀၀၄) ဒေါ်လာသန်းအပါအဝင် (၀.၁၀၄) ဒေါ်လာသန်းတင်သွင်းခဲ့ပါသည်။