မြဝတီကုန်သွယ်ရေးဇုန်၏ ကုန်သွယ်မှုအခြေအနေ

၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့

         မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက် လျှက်ရှိရာ (၂၂-၈-၂၀၂၃)ရက်နေ့မှ(၂၅-၈-၂၀၂၃)ရက်နေ့ထိ ပို့ကုန်တင်ပို့မှုအနေဖြင့်ပြောင်း၊ ငရုတ်၊ ကြက်သွန်နီနှင့် ရေထွက်ကုန်ပစ္စည်းများဖြစ်သည့်  ငါးပူတင်းခြောက်၊ ငါးကြင်းစီဖောင်း တို့အပြင် ရှာစောင်းပင်ခြောက် တို့ကို တင်ပို့ခဲ့ပါသည်။ 

    (၂၂-၈-၂၀၂၃) ရက်နေ့မှ (၂၅-၈-၂၀၂၃) ရက်နေ့ထိ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်း များမှာ ပြောင်း၊ ငရုတ်၊ ကြက်သွန်နီနှင့် ရေထွက်ကုန်ပစ္စည်းတို့ဖြစ်ပါသည်။

     ယခုအခါထိုင်းနိုင်ငံမှ စားသောက်ကုန်လုပ်ငန်းများ တွင်ကျယ်စွာ ဆောင်ရွက်လာမှုနှင့်အ တူ အသုံး ပြုရန် လိုအပ်ချက်ကြောင့် စားသောက်ကုန်ပစ္စည်းကုန်ကြမ်းဝယ်လိုအားမြှင့်တက်နေ၍ လတ်တလော ကာလများတွင် ပိုမိုတင်ပို့နိုင်ခဲ့ပါသည်။

     ပုပ်သိုးပျက်စီးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်းပို့ကုန်များဖြစ်သည့်  ကြက်သွန်နီ နှင့် ငရုတ်များကို လွယ်ကူလျင်မြန်စွာ တင်ပို့နိုင်ရေးအတွက် လိုင်စင်ထုတ်ပေးခြင်း၊ ကုန်ပစ္စည်း စစ်ဆေးမှုများတွင် ဦးစားပေးဆောင်ရွက်ပေးလျက်ရှိပါသည်။

    (၂၂-၈-၂၀၂၃)ရက်နေ့မှ (၂၅-၈-၂၀၂၃) ရက်နေ့ထိ သွင်းကုန်ပစ္စည်းတင်သွင်းမှုအနေဖြင့် တိရစ္ဆာန်အစာ၊ တိရစ္ဆာန်အရှင်၊ စက်ဘီး၊ စက်ဘီးအပိုပစ္စည်း၊ အဝတ်အထည်၊ စာရေးကိရိယာ၊  ကားအပိုပစ္စည်း၊  ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ ဆိုင်ကယ်အပိုပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ စားသောက်ကုန်၊ အလှကုန်ပစ္စည်း၊ GARMENT ၊ ဆေးဝါးများ၊ ဖိနပ် ၊ သစ်သီးမျိုးစုံ၊  အိမ်သုံး ပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ စက်ရုံသုံးပစ္စည်း၊ စက်နှင့် စက်ပစ္စည်းကိရိယာများ ၊ ဓါတ်မြေသြဇာ၊ Packing Material ၊ ငါးဖမ်းပစ္စည်းနှင့် ကုန်ကြမ်းပစ္စည်း တို့ကို တင်သွင်းခဲ့ပါသည်။ 

     (၂၂-၈-၂၀၂၃ မှ ၂၅-၈-၂၀၂၃) ရက်နေ့ထိ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်း များမှာ  အဝတ်အထည်၊ GARMENT ၊ လျှပ်စစ်ပစ္စည်း၊ စားသောက်ကုန်ပစ္စည်း၊ အလှကုန်ပစ္စည်း၊ ယာဉ်/ယန္တရား စက်ပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ စက်နှင့်စက်အပိုပစ္စည်းများ၊ သစ်သီးမျိုးစုံ၊ လူသုံးကုန် ပစ္စည်းနှင့် ဓါတ်မြေသြဇာတို့ဖြစ်ပါသည်။

   ငွေစျေးနှုန်းအနေဖြင့် ယခင်အပတ်က တစ်ဘတ်လျှင် (၁၀၅.၂၆)ကျပ်ရှိပြီး ယခုအပတ် တွင် (၁၀၄.၇၁) ကျပ်ဖြစ်ပါသဖြင့်  ဘတ်စျေးအနည်းကျဆင်းခဲ့ပါသည်။

     (၁၉-၈-၂၀၂၃ မှ ၂၅-၈-၂၀၂၃) ရက်နေ့ထိ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ  ကြက်သွန်နီ(၁)တန်လျှင် ပျမ်းမျှ (၅၅၇.၆၇၆)‌ဒေါ်လာဖြင့် (၁၂၀၅.၀၀၀)တန် (၀.၆၇၂)ဒေါ်လာ သန်း၊ငရုတ်သီးစိမ်း(အစို) (၁)တန်လျှင်(၄၇၅.၁၃၀)ဒေါ်လာဖြင့်(၄၀၈.၃၀၉)တန်(၀.၁၉၄) ဒေါ်လာ သန်း၊ ချုပ်ပြီးအထည် (၁)ယူနစ်လျှင် (၈.၄၀၀)ဒေါ်လာဖြင့် (၁၃၆၉၁.၀၀၀)U (၀.၁၁၅)‌ဒေါ်လာ သန်း၊ငရုတ်သီး(ခြောက်) (၁)တန်လျှင် (၁၇၀၃.၄၉၉)ဒေါ်လာဖြင့် (၂၁.၇၂၀)တန် (၀.၀၃၇)ဒေါ်လာသန်း၊ပြောင်း(၁)တန်လျှင်(၂၉၆.၈၇၅)ဒေါ်လာဖြင့် (၆၄.၀၀၀)တန်(၀.၀၁၉)ဒေါ်လာသန်း၊ ရှားစောင်း ပင်ခြောက်(၁)တန်လျှင်(၆၂၅.၀၀၀)ဒေါ်လာဖြင့်(၈.၀၀၀)တန် (၀.၀၀၅)ဒေါ်လာသန်း၊ ကြာဝတ်ဆံ ခြောက် (၁)တန်လျှင် (၃၃၃.၃၃၃)‌ဒေါ်လာဖြင့် (၃.၀၀၀)တန် (၀.၀၀၁)ဒေါ်လာသန်းနှင့် အခြားရေ ထွက်ပစ္စည်း (၁)တန်လျှင် (၃၈၈၈.၈၈၉)‌ ဒေါ်လာဖြင့် (၁.၈၀၀) တန် (၀.၀၀၇)ဒေါ်လာသန်းတို့ ဖြစ်ပါသည်။

     (၁၉-၈-၂၀၂၃ မှ ၂၅-၈-၂၀၂၃) ရက်နေ့ထိ  အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်း (၁၀)မျိုးမှာ ဆပ်ပြာ (၀.၅၅၅) ဒေါ်လာသန်း၊ သံနှင့်သံမဏိပစ္စည်းများ (၀.၄၇၈)‌ ဒေါ်လာသန်း၊ ပလပ်စတစ် ကုန်ကြမ်းပစ္စည်းများ (၀.၄၄၅) ဒေါ်လာသန်း၊ မော်တော်ယာဉ်နှင့် မော်တော်ယာဉ် ပစ္စည်းများ (၀.၃၅၉) ဒေါ်လာသန်း၊ ချည်ထည်များ (၀.၂၃၉)ဒေါ်လာသန်း၊ ကွန်ပျူတာ၊ကွန်ပျူတာ နှင့် သက်ဆိုင်သောပစ္စည်း ကိရိယာများ (၀.၁၈၅)‌ဒေါ်လာသန်း၊ တွင်းထွက်(သတ္တုမှအပ) ဆောက် လုပ်ရေးစ္စည်းများ(၀.၁၅၉)‌ဒေါ်လာသန်း၊ဘတ်ထရီအခြောက်များ (၀.၁၄၉)ဒေါ်လာသန်း၊ စက်နှင့် စက်ပစ္စည်းများ(၀.၁၂၃) ဒေါ်လာသန်းနှင့် အခြားစက္ကူများ (၀.၁၂၃)ဒေါ်လာသန်းတို့ဖြစ်ပါသည်။

  မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့် ၂၀၂၃  ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့မှ ၂၅ ရက်နေ့အထိ အမှန် ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် (၁၀.၅၂၈) ကန်ဒေါ်လာသန်း၊ သွင်းကုန် (၂၉.၀၁၂) ကန်ဒေါ်လာ သန်း၊ ကုန်သွယ် မှုပမာဏ (၃၉.၅၄၀) ကန်ဒေါ်လာသန်း  ဆောင်ရွက်နိုင်ခဲ့ပါသည်