ဟိုင်နန်အပြည်ပြည်ဆိုင်ရာ အပူပိုင်းဒေသအစားအစာများဆိုင်ရာ ကုန်စည်ပြပွဲသို့ မြန်မာနိုင်ငံမှ စီးပွာရေးလုပ်ငန်းများ ပါဝင်ပြသရန်ဖိတ်ကြား
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟိုင်နန်ပြည်နယ် Hainan International Convention and Exhibition Center ၌ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့အထိ ပထမအကြိမ် ကျင်းပပြုလုပ်မည့် ဟိုင်နန်အပြည်ပြည်ဆိုင်ရာ အပူပိုင်းဒေသ အစားအစာများဆိုင်ရာ ကုန်စည်ပြပွဲသို့ မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းများ ပါဝင်ပြသနိုင်ကြောင်း ဖိတ်ကြားလာပါသည်။
အဆိုပါပြပွဲ၌ နိုင်ငံတကာအဆင့်မီ ပြခန်းပေါင်း (၂၅၀၀) ပါဝင်မည်ဖြစ်ကြောင်းနှင့် မြန်မာ နိုင်ငံမှ ဒေသထွက်စားသောက်ကုန်များ ပါဝင်ပြသနိုင်မည်ဖြစ်သည်။
အဆိုပါပြပွဲသို့ ပါဝင်ပြသလိုသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ အီးမေးလ် moctradefair@myantrade.gov.mm ၊ ဖုန်း ၀၆၇-၄၀၈၆၂၂ ၊ ၀၆၇-၄၀၈၆၂၃ သို့ဆက်သွယ်၍ ချိတ်ဆက် ပြသနိုင်ကြောင်း သိရှိရပါသည်။