ကန်ပိုက်တီကုန်သွယ်ရေးစခန်း၏ ငှက်ပျောတင်ပို့မှုအခြေအနေ

Thu, 11/10/2022 - 03:53 -- DotBorderdep

ကန်ပိုက်တီကုန်သွယ်ရေးစခန်း၏ အဓိကပို့ကုန်ဖြစ်သော တစ်သျှူးငှက်ပျောတင်ပို့မှု အနေဖြင့် နိုဝင်ဘာလ ပထမပတ်အတွင်း တန်ချိန် (၁၉၀၀)တန်၊ ယာဉ်စီးရေ (၇၆)စီး အမှန်တင် ပို့နိုင်ခဲ့ပြီး လွန်ခဲ့သော အောက်တိုဘာလ တင်ပို့မှုနှင့်နှိုင်းယှဉ်ပါက ငှက်ပျောတင်ပို့မှု ပိုမိုလာ ကြောင်းတွေ့ရှိရသည်။ ငှက်ပျောစိုက်ပျိုးသော ကုမ္ပဏီများထံ မေးမြန်းစုံစမ်းမှုအရ နိုဝင်ဘာလ မှစတင်၍ တစ်သျှူးငှက်ပျော ထွက်ရှိသည့်ကာလသို့ ရောက်ရှိလာပြီဖြစ်သောကြောင့် နောင် ကာလ များတွင် တစ်သျှူးငှက်ပျောတင်ပို့မှု ပိုမိုများပြားလာနိုင်ကြောင်း သိရှိရသည်။

မြန်မာ-တရုတ်နယ်စပ် ကန်ပိုက်တီမြို့၏ ပြင်ပငွေလဲနှုန်းအနေဖြင့်(၁-၁၀-၂၀၂၂) ရက်နေ့ မှ (၃၁-၁၀-၂၀၂၂) ရက်နေ့ထိ တရုတ်ငွေ (၁) ယွမ်လျှင် မြန်မာကျပ်ငွေ အနိမ့်ဆုံး(၃၃၃) ကျပ်မှ အမြင့်ဆုံး (၄၅၀) ကျပ်ထိဖြစ်ပေါ်ခဲ့ပြီး ငွေလဲနှုန်း တည်ငြိမ်မှုမရှိဘဲ အောက်တိုဘာလ လဆန်း ပိုင်းမှ လကုန်ပိုင်းအတွင်း (၁၁၇) ကျပ်ထိ ငွေလဲနှုန်း ပြောင်းလဲမှုရှိနေသည်ကိုတွေ့ရှိရသည်။ အောက်တိုဘာလ စတုတ္ထပတ်မှ နိုဝင်ဘာလပထမပတ်အထိ ငွေလဲနှုန်းပြောင်းလဲမှုမရှိဘဲ တရုတ် ငွေ (၁) ယွမ်လျှင် မြန်မာကျပ်ငွေ (၄၃၅) ကျပ်ဖြင့် တည်ငြိမ်လျက်ရှိကြောင်း သိရှိရသည်။

Border Trade News

Pages