လွယ်ဂျယ်နယ်စပ်ဒေသမှ အလားအလာရှိသောပို့ကုန် (ပိုးလုံးအိမ်)
၂၀၂၂ခုနှစ်၊ အောက်တိုဘာလ ၃ ရက်နေ့
လွယ်ဂျယ်နယ်စပ်ဒေသမှတစ်ဆင့် တစ်ဖက်တရုတ်နိုင်ငံသို့ ပိုးလုံးအိမ်တင်ပို့နိုင်မှုမှာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ဩဂုတ်လ၌ မော်တော်ယာဉ် (၈)စီး၊ တန်ချိန် (၃၆)တန် ၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၈၀၀၀၀) ၊ စက်တင်ဘာလ (၂၇) ရက်နေ့အထိ ကား(၁၁)စီး၊ တန်ချိန် (၅၀) တန်၊ တန်ဖိုးအမေရိကန် ဒေါ်လာ (၂၅၀၀၀၀)၊ စုစုပေါင်းကား (၁၉)စီး၊တန်ချိန် (၈၆)တန်၊တန်ဖိုးအမေရိကန်ဒေါ်လာ (၄၃၀၀၀၀)ဖိုး တင်ပို့နိုင်ခဲ့ သည်။ ၎င်းပိုးလုံးအိမ်များမှာ နောင်ချိုဒေသမှ ထွက်ရှိပြီး တစ်ဖက်တရုတ်နိုင်ငံ၊ ကျန်းဖုန်းဒေသရှိ ပိုးချည် ရက်လုပ်သည့် စက်ရုံသို့ တင်ပို့ခြင်းဖြစ်ကြောင်းသိရသည်။