ကော့သောင်းနယ်စပ်မှ အောက်တိုဘာလအတွင်း ရေထွက်ပစ္စည်းတင်ပို့မှုပိုမို

ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းဟာ ရေထွက်ပို့ကုန်အဓိကတင်ပို့ဆောင်ရွက်လျက်ရှိတဲ့ စခန်း တစ်ခုဖြစ်ပြီး ငါးဖမ်းခွင့်ကန့်သတ်ရာသီ (Close Season) ပြန်လည်ဖွင့်လှစ်ခြင်း၊ စက်တင်ဘာလအတွင်း ရွှေဝက်ဝံတံတားနဲ့ ဝါးကျွန်းစစ်ဆေးရေးစခန်းများ ဖွင့်လှစ်ပေးခဲ့တဲ့အတွက် ကမ်းနီးကမ်းဝေးရေလုပ်ငန်းရှင်များနဲ့ ကုမ္ပဏီများကရေထွက်ပို့ကုန်ပစ္စည်းလျာထားချက်နှင့် ကုန်သွယ်မှုလျာထားချက်များပြည့်မီရေးအတွက် ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ ကော့သောင်းနယ်စပ်မှ အောက်တိုဘာလမှာ ရေထွက်ကုန်တင်ပို့မှုနဲ့ စက်တင်ဘာလတင်ပို့မှုကို နှိုင်းယှဉ်လျှင် အောက်တိုဘာလမှာ ၁၈၁ဝ တန်ကျော်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁ ဒသမ ၂၉၃ သန်းပိုမို တင်ပို့နိုင်ခဲ့ပါတယ်။