ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံအကြား G to G စနစ်ဖြင့် ဆန်ကုန်သွယ်မှု ဆိုင်ရာ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့ ၁၉း၀၀ နာရီအချိန်တွင် နေပြည်တော်၊ Hilton Hotel ၌ ကျင်းပပြုလုပ်သော မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံအကြား G to G စနစ်ဖြင့် ဆန်ကုန်သွယ်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စားနပ်ရိက္ခာဝန်ကြီးဌာန၊ ဝန်ကြီး H.E. Mr Advocate MD. Qamrual Islam တို့တက်ရောက်ကာ နားလည်မှုစာချွန်လွှာ အား လက်မှတ်ရေးထိုးခဲ့ပြီး ဆန်အပြင် ပဲမျိုးစုံတင်ပို့ ရောင်းချနိုင်ရေးအတွက်ပါဆွေးနွေးခဲ့