ဖိလစ်ပိုင်နိုင်ငံသို့ ဆန်တင်ပို့ရန် လေလံကို ထိုင်းနိုင်ငံရရှိ

ယခုနှစ် ဖိလစ်ပိုင်နိုင်ငံရဲ့ အရန်ဆန်ထား ရှိရေး အစီအစဉ်အရ ပြုလုပ်တဲ့ ဒုတိယအကြိမ် လေလံမှာ ထိုင်းနိုင်ငံက လေလံအောင်မြင်ခဲ့ပြီး ၂၅ မှတ် ဆန်တန် တစ်သိန်း တင်ပို့ခွင့်ရရှိမှာဖြစ် ရာ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၄၂ ဒသမ ၄ သန်း (ဘတ် ၁ ဒသမ ၄၆ ဘီလီယံ) ရှိ ကြောင်းနဲ့ အဆိုပါ လေလံပွဲမှာ ဗီယက်နမ်နိုင်ငံက တန် တစ်သိန်းခွဲလေလံအောင်ခဲ့ကြောင်း နေးရှင်း သတင်းမှာ ဖော်ပြပါတယ်။ပထမအကျော့လေလံမှာ  ထိုင်းနိုင်ငံက စီအိုင်အက်ဖ်ဈေးဖြင့် တစ်တန်ကို အမေရိကန် ဒေါ်လာ ၄၃၂ ဒေါ်လာနှုန်း  ကမ်းလှမ်းခဲ့ပြီးနောက် ဒုတိယအကြိမ်တွင် ဈေးချ၍ တစ်တန်ကို ၄၂၄ ဒသမ ၈၅ ဒေါ်လာနှုန်းဖြင့် လေလံအောင်ခဲ့တာ ဖြစ်ပါတယ်။ဖိလစ်ပိုင်အမျိုးသား အစားအစာ အာဏာ ပိုင်အဖွဲ့ရဲ့ အစိုးရချင်းဝယ်ယူရေး ကော်မတီက ဗီယက်နမ်အစားအစာ ကော်ပိုရေးရှင်းကို ဆန် တန်တစ်သိန်းခွဲနဲ့ နိုင်ငံခြား ကုန်သွယ်ရေးဌာနက ကိုယ်စားပြုတဲ့ ထိုင်း နိုင်ငံကို တန်တစ်သိန်းရောင်း ချခွင့်ပေးခဲ့တာဖြစ်ပါတယ်။
ပထမအကျော့  လေလံပွဲမှာ  နှစ်နိုင်ငံ စလုံးကမ်းလှမ်းတဲ့   ဈေးမှာ ဖိလစ်ပိုင်နိုင်ငံက အလယ်အလတ်အဖြစ် သတ်မှတ်ထားတဲ့ တစ် တန်ကို အမေရိကန်ဒေါ်လာ ၄၂၅ ထက် ကျော် လွန်နေတဲ့အတွက် ဒုတိယအကျော့ လေလံခေါ် ယူခဲ့တာဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံရဲ့ ပထမ အကျော့ ခေါ်ဈေးမှာ တစ်တန်ကို ၄၃၂ ဒသမ ၇၅ ဒေါ်လာနှုန်းဖြစ်ပါတယ်။ဖိလစ်ပိုင်လေလံအောင်ခဲ့တာကို ကြည့် ခြင်းအားဖြင့် ထိုင်းဆန်ကယှဉ်ပြိုင် နိုင်စွမ်းရှိတယ် ဆိုတာ ကို ပြသလျက်ရှိကြောင်းနဲ့ ကမ္ဘာ့ဈေးကွက် မှာ ဆန်ဝယ်လိုအား မြင့်မားနေတဲ့အတွက် ဆန် ကုန်သည်တွေက လယ်သမားတွေကို ဈေးနှိမ်ပြီး မဝယ်သင့်ကြောင်း ထိုင်းစီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ချူတီမာဘူညာပရာဖာ ဆာရာက ပြောပါတယ်။
ဆန်တင်ပို့မှုကို ဆောင်ရွက်ဖို့အတွက် နိုင်ငံ ခြားကုန်သွယ်ရေးဌာနက ထိုင်းဆန်တင်ပို့သူများ အသင်းအား တာဝန်ပေးခဲ့ပြီး အသင်းဝင်များက သတ်မှတ်ခွဲတမ်းနဲ့အညီ တင်ပို့မှာ ဖြစ်ပါတယ်။ ဆန်လေလံတစ်သိန်း အနက် တန်လေးသောင်းကို ယခုလအတွင်း တင်ပို့မှာဖြစ်ပြီး ကျန်တဲ့ တန် ခြောက်သောင်းကို နောက်လမှာ တင်ပို့သွားမှာဖြစ် ကြောင်း အသင်းဥက္ကဋ္ဌ ချာရိုအင်လောင်သမ်မာ တာက ပြောပါတယ်။
ကမ်းလှမ်းတဲ့ဈေးမှာ ကုန်ကျစရိတ်နဲ့ သယ် ယူခပါ ပါဝင်တဲ့အတွက် ဖိလစ်ပိုင်လေလံအောင် ဖို့က ခက်ခဲကြောင်း ချာရိုအင်က ပြောပါတယ်။ ထိုင်းဘတ်တန်ဖိုးက အတက်အကျ  ရှိနေပြီး တခြားငွေကြေးတွေနဲ့  နှိုင်းယှဉ်ရင် တန်ဖိုးမြင့် တက်နေတဲ့အတွက် ဆန်တင်ပို့သူများက ကုန်ကျ စရိတ်နဲ့ ငွေလဲနှုန်းကို ချိန်ဆပြီးစီမံဆောင်ရွက်ဖို့လို ကြောင်း ချာရိုအင်က ပြောပါတယ်။