အခြေခံအဆောက်အအုံကဏ္ဍ၌ နိုင်ငံတကာအဆင့်ရှိသည့် ကုမ္ပဏီများ လာရောက်ရင်းနှီးမြှုပ်နှံရန် အိန္ဒိယလယ်သမားများ ဆန္ဒရှိ

အိန္ဒိယနိုင်ငံတစ်ဝန်းရှိ တောင်သူ လယ်သမားများသည် လက်လီ စားသောက်ကုန်လုပ်ငန်းများ၌ ရာနှုန်း ပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအား ကြိုဆိုလျက်ရှိသည်။ နိုင်ငံတကာအဆင့်မီကုမ္ပဏီများဝင်ရောက်လာပြီး အခြေခံ အဆောက်အအုံကဏ္ဍတွင် ရင်းနှီးမြှုပ်နှံ ကာ၊ စိုက်ပျိုးရေးလုပ်ငန်းများလုပ်ကိုင် ဆောင်ရွက်နေသည့် လူ့အသိုက်အဝန်း အား ကူညီမှသာလျှင် ၎င်းင်းတို့အနေဖြင့်ကိုယ်တိုင်   ရပ်တည်လာနိုင်မည်ဖြစ် သည်။ နိုင်ငံတကာ  ကုမ္ပဏီ များ ဝင် ရောက်လာမှသာလျှင် လက်ဝါးကြီးအုပ် ခြယ်လှယ်ခြင်းနှင့်ထိန်းချုပ်မှု အလေ့ အထများဖြင့် အကျည်းတန်နေသည့် ဈေးကွက်တွင်ယှဉ်ပြိုင်မှုများပေါ်ပေါက် လာမည်ဖြစ်သည်ဟု လယ်သမားများက ယုံကြည်ထား သည်။သို့ရာတွင် ၎င်းင်းတို့အား ကန့်သတ် ကာလတစ်ခုအတွင်း အဆင့်ဆင့်ထုတ် လုပ်မှုနည်းစနစ်များ၊ ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ဒီဇိုင်း၊ အရည်အသွေးထိန်း ချုပ်ခြင်း၊  သယ်ယူပို့ဆောင်ရေး၊ သို လှောင်ရုံစသည့် စိုက်ပျိုးရေးထုတ်ကုန် ပစ္စည်းများ     ထုတ်လုပ်ရန်အတွက် လိုအပ်သည့် အခြေခံအဆောက်အအုံ အားလုံးပါဝင်သည့်   back-end infrastructure များတွင်ရင်းနှီးမြှုပ်နှံမှုပြု ရန်   တိုက်တွန်းတောင်းဆိုရမည်ဟု လယ်သမားများကဆိုသည်။ ထို့ပြင် ၎င်းင်းတို့အတွက်လည်း ဒေသတွင်းနည်း စနစ်များအား သိနားလည်လာစေရန် လုံလောက်သည့် အချိန်ကာလတစ်ခုကိုပေးအပ်ရမည်ဖြစ်ကြောင်းConsortium of  Indian  Farmers  Association (CIFA)၏ Secretary General  ဖြစ်သူChengal Reddy က ပြောကြားထား ကြောင်း သိရပါသည်။လယ်သမားများဖြင့် ပါဝင် ဖွဲ့စည်းတည်ထောင်ထားသည့်Farmer Producer Companies (FPO)ေ ခါင်း ဆောင် များ ကလည်း ၎င်းင်းတို့အနေဖြင့် နိုင်ငံတကာအဆင့် ကုမ္ပဏီကြီးများနှင့်စီးပွားရေးလုပ်ငန်းများ ပူးပေါင်း လုပ်ကိုင်ဆောင်ရွက်ရန် စိတ်အား ထက်သန်လျက်ရှိကြောင်းပြောကြား လျက်ရှိ သည်။ နိုင်ငံခြား လုပ်ငန်းရှင် များထံမှ ပိုမို များပြားသော ရင်းနှီး မြှုပ်နှံမှုနှင့် အသိပညာတို့၏အကျိုး ကျေးဇူးများရရှိလိုသည့်အပြင် အဆိုပါ ကုမ္ပဏီကြီးများသည် ဖွံ့ဖြိုးပြီးနိုင်ငံများ ရှိ စားသုံးသူများ၏ ဝယ်လိုအားကို သိရှိ နားလည်လိမ့်မည်ဟု ယူဆထားကြ သည်။ သို့ဖြစ်၍ တောင်သူလယ်သမားများအနေဖြင့် စားသုံးသူလိုအပ်ချက်  များနှင့်ကိုက်ညီမည့် ကျွမ်းကျင်မှုများ ရရှိအောင် အဆင့်မြှင့်တင်ရာ၌ အကူ အညီဖြစ်စေနိုင်မည်ဖြစ်သည်။ လက်ရှိ တွင် လယ်သမားများ မှာ ငွေကြေး အင်အားနည်းပါးပြီး၊ နေရာအနှံ့အပြားတွင် နေထိုင်နေကြသည့်အတွက် ၎င်းင်းတို့နှင့် ဆက်သွယ်၍ ပမာဏများများ ရင်းနှီး မြှုပ်နှံမှုပြုမည့် ကုမ္ပဏီကြီးများ လိုအပ် လျက်ရှိကြောင်း၊ ၎င်းင်းကုမ္ပဏီကြီး များ သည်လယ်ယာ ထွက်ကုန်ပစ္စည်းများ၏ စံနှုန်းသတ်မှတ်ချက်များ၊ ကုန်အမှတ် တံဆိပ်နှင့်လယ်သမားများ၏စွမ်းရည် များ အဆင့်မြှင့်တင်ခြင်းတို့အတွက် အစပျိုးပေးနိုင်လိမ့်မည်ဖြစ်ကြောင်း ျွနိပကထပ်မံပြောကြားခဲ့သည်။

ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး
 မြန်မာသံရုံး၊ နယူးဒေလီမြို့