Anonymous

   အိမ်နီးချင်းနိုင်ငံအတွင်းသို့ဝင်ရောက်ပြီး ရင်းနှီးမြှုပ်နံှမည့် ထိုင်းစီးပွားရေးလုပ်ငန်းရှင်များအား လက်ခံရန်နဲ့ လာမဲ့ ၂ဝ၁၅ ခုနှစ် AEC (သို့) အာဆီယံနိုင်ငံများ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုအတွက် လက်ခံ ပြင်ဆင်ထားရန် အတွက် ထိုင်းစီးပွားရေး ဘဏ်သည် မဲခေါင်မြစ်ဒေသနိုင်ငံများ အတွင်းသို့ စီးပွားရေး လုပ်ငန်းတိုးချဲ့မှာ ဖြစ်ကြောင်း ၂ဝ၁၂ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ထိုင်းစီးပွားရေး ဘဏ် မန်နေဂျာ နိုင်းမာနုတ်စငင်ဘွတ် ကပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ ရင်းနှီးမြှုုပ်နှံမည့် ထိုင်းပုဂ္ဂလိက လုပ်ငန်းရှင်များအား လက်ခံရန်အတွက် လာမဲ့ ၂၃-၁၁-၂ဝ၁၂ ရက်နေ့မှာ မြန်မာနိုင်ငံတွင် ထိုင်း စီးပွားရေး ဘဏ်ရုံး ခွဲဖွင့်လှစ်ပြီး မြန်မာနိုင်ငံဘဏ် (၈)ခုဖြင့် ပူးပေါင်းမယ်လို့သိရပါတယ်။ လာမဲ့ ၂ဝ၁၆ ခုနှစ်တွင် တရုတ်နိုင်ငံ ပီကင်းမြိ့ုတော်မှာ ထိုင်းစီးပွားရေး ဘဏ်ရုံးခွဲ ဖွင့်လှစ်ရန်ရှိပြီး၊ ယခုလက်ရှိ အချိန်တွင် လော၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတို့မှာ ထိုင်းစီးပွားရေးဘဏ် ရုံးခွဲများ ဖွင့်လှစ်ပြီးဖြစ်ပါတယ်။ မြန်မာနှင့် တရုတ်နိုင်ငံတို့တွင် ပထမ ထိုင်းစီးပွားရေး ဘဏ်ရုံးခွဲဖွင့်လှစ် မည်ဖြစ်ပြီး နောက်အဆင့်တိုးမြင့်ပြီး ဘဏ်ခွဲဖွင့်လှစ်မှာဖြစ်ပါတယ်။ မြန်မာနဲ့ တရုတ် အစိုးရမှ ခွင့်ပြုလျှင် မြန်မာနိုင်ငံအတွင်း ဝင်ရောက်ရင်းနှီးမြှုုပ်နံှနိုင်ကြောင်း၊ အစားအစာနဲ့ အဖျော်ယမကာ၊ ဟိုတယ်၊ မပြောင်းရွှေ့နိုင် ပစ္စည်း၊ အိမ်ဆောက် ပစ္စည်း၊ စီးပွားရေးလုပ်ငန်း များ မြန်မာနိုင်ငံတွင် လိုအပ်နေကြောင်းနဲ့ ရင်းနှီးမြှုုပ်နံှမှုပြုလုပ်ပြီး မကြာမီအချိန် အတွင်းမှာ ရင်းနှီးမြှုုပ်နံှမှု ငွေအား ပြန်လည်ရရှိမှာဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အတွင်းမှာ ရင်းနှီးမြှုုပ်နံှရန် စိတ်ဝင်စားတဲ့ ထိုင်းပုဂ္ဂလိက လုပ်ငန်းရှင်များထဲတွင် SME စီးပွားရေးလုပ်ငန်းရှင်နဲ့ အကြီးစားစီးပွားရေး လုပ်ငန်းရှင်များ ပါဝင်ကြောင်း ထိုင်းရတ် သတင်း စာမှာ ရေးသားဖော်ပြထားတယ်လို့ပါတယ်။

 

  Source း ထိုင်းရတ်သတင်းစာ (လင်းရောင်၊ တာချီလိတ် )

Anonymous

     မင်္ဂလာဒုံစက်မှုဇုန်မှာ အထည်ချုပ် စက်ရုံကိုပြည်ပမှစက်များဝယ်ယူတပ်ဆင်ပြီး ပင်လယ်ရေကြောင်းမှ စောင်ကြမ်း များကို တရုတ်နိုင်ငံမှ အလိပ်လိုက် တင်သွင်းပြီး စက်ရုံ များတွင် စောင်များကိုဖြတ်ခြင်း၊ ချုပ်လုပ်ခြင်း၊ (Packing) ပြုလုပ်ခြင်းများ ဆောင်ရွက်ပြီး ပြည်တွင်းဈေးကွက်နဲ့ အိန္ဒိယဈေးကွက်သို့ ဖြန့်ဝေတော့မှာဖြစ်ကြောင်း လွယ်ဂျယ်နယ်စပ်ကုန်သည် တစ်ဦးရဲ့ ပြောကြားချက် အရသိရှိရပါတယ်။ စောင်ချုပ်စက်ရုံများကြောင့် ပြည်ပတင်သွင်းမှု အစားထိုးနိုင်မှာဖြစ်သလို အလုပ်အကိုင်အခွင့် အလမ်းများလည်း ရရှိလာနိုင်မှာဖြစ်ပါတယ်။ ယခင်က တရုတ်နယ်စပ်မှ စောင်ကြမ်းများ အများအပြား တင်သွင်းခဲ့ရာမှ ယခုအခါ သွင်းကုန်အစားထိုး ကုန်ပစ္စည်းအဖြစ် မီယာစောင်များကို ပြည်တွင်းတွင် ထုတ်လုပ်နေပြီး သွင်းကုန် အစားထိုး ကုန်ပစ္စည်းအဖြစ် မီယာစောင်များ ယခင်ထက် ဈေးနှုန်းချိုသာစွာ ဝယ်ယူနိုင်တော့မှာဖြစ်ကြောင်းနဲ့ အလုပ်အကိုင် အခွင့်အလမ်းများလည်း တိုးတက် ရရှိ လာတော့ မှာဖြစ်ကြောင်း ဝမ်းသာစရာ သတင်းကောင်းပါးလိုက်ရပါတယ်။

MMZ (လဂ)

Anonymous

   ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းဟာ ၂ဝ၁၁ ခုနှစ်၊ သြဂုတ်လမှစတင်ပြီး ငါးရှဉ့်၊ ကဏန်းနဲ့ အခြားရေထွက်ကုန် ပစ္စည်းများကို တင်ပို့ လျက်ရှိပါတယ်။ လုပ်ငန်းစတင်ချိန်က ရေထွက်ပစ္စည်းတင်ပို့ခြင်းကို ကုမ္ပဏီ တစ်ခုတည်းကသာ ဆောင်ရွက်ခဲ့သော်လည်း ယခုအခါ ကုမ္ပဏီ (၉) ခုအထိ တိုးတက် ဆောင်ရွက်လာတာ တွေ့ရပါတယ်။ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေး စခန်းနဲ့ မျက်နှာချင်းဆိုင် တရုတ်နိုင်ငံဘက် မိန်းတိန်မြိ့ုက တစ်ဆင့် ကုန်ပစ္စည်းများကို ကူမင်းသို့ တင်ပို့ပါက ရွှေလီ၊ ဝမ်တိန်တို့ထက် လမ်းကြောင်းတိုပြီး ကုန်ကျစရိတ် သက်သာတယ်လို့ ဆိုကြပါတယ်။

    ရွှေကွမ်းလုံ ကုမ္ပဏီအ နေနဲ့ ငါးရှဉ့် ကုန်စည်ဒိုင်ဖွင့်လှစ်ရန် ၎င်းကုမ္ပဏီပိုင် ချင်းရွှေဟော် နယ်စပ်အနီး နမ့်ဟူကျေးရွာရှိ မြေ (၇) ဧကပေါ်မှာ အဆောက်အဦများ စတင်ဆောက်လုပ်လျက် ရှိပါတယ်။ ယခုနှစ် နိုဝင်ဘာလ ကုန်မှာ စတင် ဖွင့်လှစ်ကာ လုပ်ငန်းဆောင်ရွက် နိုင်တော့မှာ ဖြစ်ပါတယ်။ ငါးရှဉ့် ရေလှယ်ခြင်းကို စံချိန်စံညွှန်း သတ်မှတ်ချက်နဲ့ အညီ ဆောင်ရွက်နိုင်ရန် ငါးလုပ်ငန်း ဦးစီးဌာန၊ ငါးလုပ်ငန်း စစ်ဆေးရေးနှင့် အရည်အသွေး ထိန်းသိမ်းရေး ဌာနခွဲသို့ တင်ပြကာ နည်းပညာနဲ့ အကြံဉာဏ်များ တောင်းခံ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။ သက်ဆိုင်ရာ ဒေသအာဏာပိုင်နဲ့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများကိုလည်း လုပ်ထုံးလုပ်နည်းနဲ့ အညီ ဆောင်ရွက်ခွင့်ပြု တင်ပြ ထားပြီး ဖြစ်ကြောင်းလည်း ရွှေကွမ်းလုံ ကုမ္ပဏီရဲ့ မန်နေဂျာ ဦးပြုံးချိုမှ ပြောပါတယ်။

    ငါးရှဉ့် ကုန်စည် ဒိုင်ဖွင့်လှစ်ပြီးပါက ငါးရှဉ့်များ ရေလှယ်ခြင်း၊ အသေအမျော့ ရွေးခြင်း၊ ကဏန်းတာလှယ် ခြင်းများ ဆောင်ရွက်နိုင်မှာ ဖြစ်ပြီး ချင်းရွှေဟော် စခန်း အနေနဲ့လည်း ရေထွက်ကုန် ပစ္စည်းများကို ယခင်ကထက် ပိုမို တင်ပို့ နိုင်တော့မှာ ဖြစ်ပါတယ်။ မိမိဘက်မှာ ဈေးကွက် ဖြစ်ပေါ်စေရေးနဲ့ ဈေးနှုန်းမှန် ရရှိရေး၊ စခန်းရဲ့ ကုန်သွယ်မှု ပမာဏ တိုးတက်ရေးတို့ကို အထောက်အကူပြု စေမယ့်အပြင် ဒေသခံပြည်သူများ အလုပ် အကိုင်ရရှိစေ မည်ဖြစ် ကြောင်းလည်း ဦးပြုံးချိုမှ ရှင်းလင်းပြောကြားပါတယ်။

    ဒါ့ကြောင့် ရွှေကွမ်းလုံကုမ္ပဏီရဲ့ ငါးရှဉ့် ကုန်စည်ဒိုင် ဖွင့်လှစ်ပြီးပါက ချင်းရွှေဟော်စခန်း၏ ပို့ကုန်ပိုမို တိုးမြှင့်လာမှာ ဖြစ်ပြီး ကုန်သွယ်မှု ပမာဏ လျာထားချက် ပြည့်မီကျော်လွန်ရေး အတွက် များစွာ အထောက်အကူ ပြုနိုင်မည်ဖြစ်ကြောင်း သတင်းကောင်းပါး လိုက်ပါတယ်။

                                                                                                                                                                                 အိုပါး (ချင်းရွှေဟော်)

Anonymous

  မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းဟာ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁ဝ၅ မိုင် ပြီးလျှင် ဒုတိယနေရာမှာရှိနေတဲ့ နယ်စပ်ကုန်သွယ်ရေး စခန်းတစ်ခုဖြစ်ပါတယ်။ အောက်တိုဘာလမှာမြဝတီနယ်စပ် ကုန်သွယ်ရေးစခန်းဟာ ပို့ကုန်ကန်ဒေါ်လာ ၇ သန်းကျော်၊ သွင်းကုန်ကန်ဒေါ်လာ ၁၁ သန်းကျော်ဆောင်ရွက် နိုင်ခဲ့ရာ ကုန်သွယ်မှုပမာဏကန်ဒေါ်လာ ၁၉ သန်းကျော်ရရှိခဲ့ပါတယ်။ မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းရဲ့ အောက်တိုဘာလ အများဆုံးပို့ကုန် တွေကတော့ ဆန်ကွဲ၊ ငြုပ်သီးခြောက်၊ မြေပဲ၊ ရေငန်ငါး၊ ကြက်သွန်နီ၊ ဆေးရွက်ကြီး၊ ရေခိုျပုစွန်၊ ကဏန်းအရှင်၊ နှမ်းနက်၊ သီဟိုစေ့ (အခွံမပါ)၊ သဲကဏန်း၊ နှမ်းနီ၊ ငါးရှဉ့်အရှင်၊ နနွင်းတက်၊ ဇီယာ ၂၅ မှတ်တို့ဖြစ်ပြီး အများဆုံးသွင်းကုန်တွေကတော့ ပြန်လည်ပြုပြင်ပြီး လိုက်ထရပ် (Toyota, Mazada) အချိုရည်၊ ဒီဇယ်ဆီ၊ ဓာတ်ဆီ၊ Liteace ၊ Hino ၊ Dump Truck ၊ Premover Head ၊ ဘီစကစ်၊ အလှကုန်ပစ္စည်းများဖြစ်ပါတယ်။
     အနီးစပ်ကာလနဲ့နှိုင်းယှဉ်ပါက ပို့ကုန်ပိုင်းမှာ ဆန်ကွဲ၊ ငြုပ်သီးခြောက်၊ မြေပဲနဲ့ နှမ်းနက်တို့ အပို့ပိုခဲ့ ပါတယ်။ သွင်းကုန်ပိုင်းမှာ ရင်းနှီးမြုပ်နံှမှုပစ္စည်းများဖြစ်တဲ့ လယ်ယာသုံးနောက်တွဲယာဉ်နဲ့ အခြားယာဉ်များ၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးနှင့်တပ်ဆင်ရေးပစ္စည်းများ၊ ဝါယာကြိုးများ၊ ဆိုင်ကယ်အပိုပစ္စည်းများ၊ စက်ဘီး အပိုပစ္စည်းများတင်သွင်းမှုပိုမိုခြင်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းများအုပ်စုတွင် ရေနံထွက်ပစ္စည်းများ၊ ဓာတု ဗေဒပစ္စည်းများ၊ ဓါတ်ဆားဆိုးဆေးများ၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများတင်သွင်းမှုပိုမိုခြင်း၊ လူသုံးကုန်ပစ္စည်း အုပ်စုမှာ လျှပ်စစ်မီးသီးနဲ့ မီးချောင်းများ၊ နို့ဆီ၊ အခိုျမှုန့်၊ စားအုန်းဆီ၊ ဆေးဝါးပစ္စည်းများနဲ့ ဆပ်ပြာစသည်တို့ ပိုမိုတင်သွင်းမှုရှိခဲ့ပါတယ်။
   ယမန်နှစ်ကာလတူမှာတော့ မြန်မာ-ထိုင်းနှစ်နိုင်ငံဆက်သွယ်တဲ့ချစ်ကြည်ရေးတံတားကို ၂ဝ၁ဝ ပြည့်နှစ် ဇူလိုင်လ ၁၈ ရက်မှ ၂ဝ၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်ထိ ၁ နှစ်နဲ့ ၄ လကျော်ပိတ်ထားခဲ့တဲ့အတွက် ကုန်သွယ်မှု ဆောင်ရွက်နိုင်ခြင်းမရှိခဲ့ပါဘူး။
လယ်ယာထွက်ကုန်လိုင်စင်များ အချိန်နဲ့တပြေးညီခွင့်ပြုခြင်း၊ ရေထွက်ကုန်ယာဉ်ငယ်များအား တရားဝင် သယ်ဆောင်မှုရှိလာစေရန် ငါးလုပ်ငန်းဦးစီးဌာနနဲ့ညိုနှိုင်းပေါင်းစပ်ပြီးတင်ပို့စေခြင်း၊ ပို့ကုန်သွင်းကုန်အခိုျ့ကို မြန်မာ ကျပ်ငွေဖြင့် ဖြေလျော့ဆောင်ရွက်ခွင့်ပြုခြင်း၊ စက်သုံးဆီတင်သွင်းမှုကိုသွင်းကုန်လိုင်စင်ဖြင့်ဆောင်ရွက်စေခြင်း၊ စားသောက်ကုန်များကို FDA ခွင့်ပြုချက်ဖြင့် တင်သွင်းခွင့်ပြုခြင်းတို့အပြင် (OSS)အဖွဲ့ဝင်ဌာနများ၊ ဒေသဆိုင်ရာ အုပ်ခုျပ်ရေးအဖွဲ့၊ ဆက်စပ်ဌာနများ၊ ကုန်သည်လုပ်ငန်းရှင်များနဲ့ညှိနှိုင်းပေါင်းစပ်ပြီး ဝိုင်းဝန်းဆောင်ရွက်တဲ့အတွက် ကုန်သွယ်မှုများတိုးတက်မှုရရှိလာတာဖြစ်ပါတယ်။

(Source : နကသ (မြဝတီ)                                                                                               (ချမ်းမြေ့မောင်)

Anonymous

ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းဟာ ရေထွက်ပို့ကုန်အဓိကတင်ပို့ဆောင်ရွက်လျက်ရှိတဲ့ စခန်း တစ်ခုဖြစ်ပြီး ငါးဖမ်းခွင့်ကန့်သတ်ရာသီ (Close Season) ပြန်လည်ဖွင့်လှစ်ခြင်း၊ စက်တင်ဘာလအတွင်း ရွှေဝက်ဝံတံတားနဲ့ ဝါးကျွန်းစစ်ဆေးရေးစခန်းများ ဖွင့်လှစ်ပေးခဲ့တဲ့အတွက် ကမ်းနီးကမ်းဝေးရေလုပ်ငန်းရှင်များနဲ့ ကုမ္ပဏီများကရေထွက်ပို့ကုန်ပစ္စည်းလျာထားချက်နှင့် ကုန်သွယ်မှုလျာထားချက်များပြည့်မီရေးအတွက် ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ ကော့သောင်းနယ်စပ်မှ အောက်တိုဘာလမှာ ရေထွက်ကုန်တင်ပို့မှုနဲ့ စက်တင်ဘာလတင်ပို့မှုကို နှိုင်းယှဉ်လျှင် အောက်တိုဘာလမှာ ၁၈၁ဝ တန်ကျော်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁ ဒသမ ၂၉၃ သန်းပိုမို တင်ပို့နိုင်ခဲ့ပါတယ်။

Anonymous

မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ဝ ဒသမ ဝ၁၂ သန်း တန်ဖိုးရှိ ကော်စေ့ ၉ တန်ကို အောက်တိုဘာလ ၂၄ ရက်မှ ၃ဝ ရက်ထိ ကာလအတွင်းမှာ တင်သွင်းမှုရှိခဲ့ပါတယ်။ ပြည်တွင်းလိုအပ်ချက်အရ တင်သွင်းခဲ့တဲ့ကော်စေ့ဟာ ချင်းရွှေဟော်နယ်စပ်စခန်းရဲ့ အမယ်သစ်သွင်းကုန် ဖြစ်တယ်လို့ သိရပါတယ်။ ငါးထည့်သယ်တဲ့ ဖော့ပုံးများထုတ်လုပ်မဲ့ ကုန်ကြမ်းဖြစ်ပါတယ်။ ပထမဆုံးအကြိမ် တင်သွင်းတာဖြစ်ပြီး ဆက်လက်တင်သွင်းသွားဖို့ စီစဉ်နေတယ်လို့သိရပါတယ်။

                                                                                                       (MIRT- DOBT)

Anonymous

ဘူးသီးတောင်-မောင်တောကားလမ်းပေါ်ရှိ မိုင်တိုင်အမှတ် ၁/၁၅ မှာ အရှည် ၁ဝ၈ ပေရှိသော မြိ့ုဝင် ကွန်ကရစ်တံတားဖွင့်ပွဲကို အောက်တိုဘာလ ၃ဝ ရက်၊ သီတင်းကျွတ်လပြည့်နေ့ နံနက် ၉ နာရီက တံတားထိပ် မုဒ်ဦး၌ကျင်းပခဲ့ရာ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြိ့ုမိမြ့ိုဖများနှင့် ဒေသခံပြည်သူများတက်ရောက်ခဲ့ကြပါတယ်။ မောင်တောနယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေးကွပ်ကဲမှုဌာနခုျပ်၊ ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးအောင်နိုင်ဦး၊ ခရိုင်အုပ်ခုျပ်ရေးမ ဦးအောင်မြင့်စိုး၊ ခရိုင်အင်ဂျင်နီယာမှူး ဦးအေးထွန်းမော်တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ ကြပါတယ်။
ဒေသတွင်းကူးသန်းသွားလာရေးနဲ့ ကုန်စည်ပို့ဆောင်ရေးမှာ အဓိကကျသောမြိ့ုအဝင်တံတားဖွင့်ပွဲ အပြီး၌ မော်တော်ယာဉ်များ၊ ဒေသခံခရီးသွားပြည်သူများ အေးချမ်းပျော်ရွှင်စွာကူးသန်းသွားလာလျက်ရှိတာကို တွေ့မြင်နေရကြောင်း တင်ပြလိုက်ရပါတယ်။
                                                                                                                 စိန်ဝင်း (မတ)