နေပြည်တော်၊ အောက်တိုဘာလ ၂၂
ပြည်ထောင်စုဝန်ကြီးရုံးသတင်းများ
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Aung Kan Bo Motorcycle Industrial Co., Ltd. မှ တင်သွင်းလာသော Kanbo အမျိုးအစား လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များသည် မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်သို့ ရောက်ရှိလာပါသဖြင့် (၁၉-၁၀-၂၀၂၃) ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပါကြောင်း သတင်းရရှိပါသည်။
နေပြည်တော်၊ အောက်တိုဘာ ၁၆ ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ် ဒုတိယ(၆)လပတ် ပို့ကုန်တိုးမြှင့် တင်ပို့နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၁၆) ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်းရဲကျော်စွာလမ်းရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များ နှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ တက်ရောက်အမှာစကားပြောကြားသည်။
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင် ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Aung Kan Bo Motorcycle Industrial Co., Ltd. မှ တင်သွင်းလာသော Kenbo အမျိုးအစား လျှပ်စစ်သုံးမော်တော် ဆိုင်ကယ်များသည် မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်သို့ ရောက်ရှိလာပါသဖြင့် (၁၄-၁၀-၂၀၂၃) ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း သတင်းရရှိပါသည်။
နေပြည်တော်၊ အောက်တိုဘာလ ၁၅ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့၊ (၁၄:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Mongkol Visitstump ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံခဲ့ပါသည်။
နေပြည်တော်၊အောက်တိုဘာ ၇၊ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့ နံနက်ပိုင်းတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများအား UMFCCI ရုံးချုပ်၌ တွေ့ဆုံ၍ ကုန်စျေးနှုန်းတည်ငြိမ် စေရေး ပြည်တွင်းထွက်ကုန်များ ပြည်တွင်းစျေးကွက်ကို ထိခိုက်မှုမရှိစေဘဲ ပြည်ပသို့ ပုံမှန်တိုးမြှင့်တင်ပို့နိုင်ရေး၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစု (Commodity Testing and Quality Management – CTQM)နှင့်
နေပြည်တော်၊ အောက်တိုဘာ ၆ “မဲခေါင်-လန်ချန်းသစ်သီးပွဲတော် (မြန်မာ)(Mekong – Lancang Fruit Festival-Myanmar)”ကို မြန်မာနိုင်ငံမှ ပါဝင်ပြသနိုင်ရေးအတွက် ညှိနှိုင်း အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့ (၁၄:၀၀) နာရီအချိန်တွင် စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးမင်းမင်းက ဦးဆောင်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ရုံးအမှတ်(၃)၊ နေပြည်တော်ရှိ မြန်မာကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့၊ အစည်းအဝေးခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
နေပြည်တော်၊ အောက်တိုဘာ ၂
နေပြည်တော်၊ စက်တင်ဘာ ၂၀ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးအောင်နိုင်ဦးသည် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်း၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ Mr. Watanabe Yusuke (မစ္စတာ ဝါတာနာဘဲ ယုဆုကဲ) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံခဲ့ပါသည်။
တရုတ်နိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့တွင် (၂၀) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁၆) ရက်နေ့မှစတင်၍ ကျင်းပလျက် ရှိရာ တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ထုတ်ကုန်ပစ္စည်းများကို ပါဝင်ပြသလျက်ရှိပါသည်။ အဆိုပါကုန်စည်ပြပွဲ တတိယနေ့အဖြစ် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့တွင်လည်း မြန်မာနိုင်ငံမှ ပြခန်းပေါင်း ၈၀ ဖြင့်ဆက်လက် ပါဝင်ပြသလျက်ရှိပါသည်။
